ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့
ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး
ဝဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ
ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို
မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ် ၊ ကျနော်တို့မှာ ဒေါ်လာတွေ
သန်းချီပြီး ထည့်ထားတဲ့ ဘဏ်စာရင်း နံပါတ်တွေလည်း မရှိဘူး ၊ သတင်းတွေ
အတင်းတွေကို ရောင်းစားလို့ ရလောက်အောင် ကျနော်တို့က super stars
celebrities တွေလည်း မဟုတ်ဘူး ၊ အဲဒါကြောင့် အများစုက ဟက်ကာတွေရဲ့ရန်ကနေ
လွတ်ကင်းနေကြသေးတယ် ၊ သို့သော်လည်း ဘာအတွက်မှ မဟုတ်ပဲ ဟက်လို့ရတဲ့ Gmail
တို့ facebook တို့က ID နဲ့ password တွေကို ထောင်သောင်းချီပြီး
ထုတ်ပြနေတဲ့ ဟက်ကာငကြွား အစွမ်းပြသမား တွေကလည်း ရှိနေတော့ သတိတော့
ထားရမှာပဲ ။
တချို့တွေ ကျပြန်တော့လည်း ဟိုဖက်ဒီဖက် password လေးတွေ လဲလှယ်ထားကြတာမျိုး ကလည်းရှိနေတော့ ကိုယ်ဝင်ဖတ်လိုက် သူဝင်စစ်လိုက်နဲ့ပေါ့ ။
အဲဒီလိုမျိုး ကိုယ့် Gmail ထဲကို ဘယ်အချိန်မှာ ဘယ်နေရာကနေ ၀င်သွားတယ်ဆိုတဲ့
မှတ်တမ်းကလေးကို ကျနော်တို့ သိနိုင်ရင် ကောင်းမှာပါ ၊
တလောက ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ Gmail ကို ဖွင့်ပြီး စစ်ပြတော့
မသင်္ကာစရာ တစ်ခုတွေ့ရတယ် ၊ အဲဒီလိုပဲ မကြာမကြာ ဆိုသလို Gmail account တချို့
ဝင်မရဘူးလို့ ပြောနေတာတွေလည်း ကြားနေရတယ် ၊ ဒါနဲ့ပဲ စစ်ကြည့်ရမယ့်
နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ၊ အနည်းဆုံး တစ်ခါတော့
စစ်ကြည့်သင့်ပါတယ် ။
သေချာစေချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သုံးနေတဲ့ IP (Internet Protocol)
address ကို သိအောင်လုပ်ရပါမယ် ၊ အဲဒါကလည်း ဘာမှမခက်ပါဘူး google search
bar (www.google.com) မှာ my ip လို့ရိုက်လိုက် ၊ ရိုက်လို့တောင်
မပြီးသေးဘူး ပေါ်လာပြီ ၊ အောက်မှာ ဖတ်ကြည့်ပြီး မှတ်ထားလိုက် ၊ အဲဒါမှ
ခက်သေးရင်လည်းရတယ် ဘာမှမလုပ်နဲ့ ၊ နောက်မှ အဖြေကို ကြည့်ပြီး
စဉ်းစားနည်းပြောမယ် ။
ကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ account နဲ့ login ၀င်လိုက်ပါ ၊
mail စာမျက်နှာရဲ့ ဟိုးညာဖက် အောက်ဆုံးဒေါင့်မှာရှိတဲ့ Details ဆိုတဲ့
စာလုံးလေးပေါ် ကလစ်လုပ်လိုက်ပါ ၊ အဲဒီမှာ Gmail account ထဲကို
ဝင်သွားတဲ့မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်
Access type (ကွန်ပြူတာကနေ၀င်သုံးတာလား ၊ ဖုန်းကနေ ၀င်တာလား စသည်) ၊
Location (၀င်သုံးတဲ့နိုင်ငံ) ၊
IP address ( အင်တာနက်လိပ်စာ) ၊
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ်
အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင်
highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password
အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ်
ကိုယ်ရှိနေတဲ့နိုင်ငံနဲ့ ကိုယ်သုံးစွဲခဲ့တဲ့ အချိန်တွေကို ကြည့်ပြီး
ကိုယ့်စက်ရဲ့ IP ဘာဖြစ်မလဲ ကြည့်ပါ ၊ မကြာခဏ တူနေတာ ကိုယ့် IP ပေါ့ ၊
ကိုယ်က Gmail သုံးတဲ့အချိန်နဲ့ စက်ကဖေါ်ပြထားတဲ့ သုံးစွဲချိန်ကို
တိုက်ဆိုင်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ် ၊ သူငယ်ချင်း အခန်းမှာ
သွားလည်တုန်း Gamil ဖွင့်တယ်ဆိုရင်လည်း IP ပြောင်းသွားပါလိမ့်မယ် ၊
နိုင်ငံတော့ မပြောင်းဘူးပေါ့
ဒါဆိုရင် ကိုယ်နဲ့ ဆိုင်တဲ့သူ ၀င်တာလား မဆိုင်တဲ့သူ ၀င်မွှေသွားတာလားဆိုတာကို စစ်ဆေးကြည့်နိုင်ပါပြီ ။
နောက်ထပ် Gmail လုံခြုံရေးအတွက် ဘာညာဘာညာ လေးတွေရေးပါဦးမယ် ၊ အခုတော့ ဒီမှာတင်ရပ်လိုက်ပါပြီ ။
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ။