Tuesday, May 14, 2013

ပုညရှင်စေတီ ဓမ္မာရုံကျောင်းတွင် ဆရာတော်(၁)ပါး ဓါးထိုးခံရမှုသတင်း

ယနေ့(14-5-2013) ညနေ ၂း၄၀ ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ပွင့်လှသိမ်ကုန်း၊ ပုညရှင်စေတီ ဓမ္မာရုံကျောင်းတွင် ဆရာတော်ဦးသောဘိတ၊ သက်တော်(၈၂)နှစ်၊ ၀ါတော် (၅၆)၀ါအား ရတနာထီးဖြူရပ်ကွက်၊ ရွာဘဲနယ်မြေမှ ရဲဝင်း(၁၈)နှစ် မှ ဓါးဖြင့်ထိုးရာ ၀မ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာပုခုံး၊ ၀ဲလက်ဖျံ၊ ယာပါးစောင်းအောက်နှင့် ရင်ညွန့်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဆရာတော်မှာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး မစိုးရိမ်ရတော့ကြောင်းနှင့် တရားခံ ရဲဝင်းအား ပြည်(၂)ရဲစခန်းမှ (ပ)၃၆၄/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၂၆ အရ အမှုဖွင့်ဆောင်ရွက်၍ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments to “ပုညရှင်စေတီ ဓမ္မာရုံကျောင်းတွင် ဆရာတော်(၁)ပါး ဓါးထိုးခံရမှုသတင်း”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger