Thursday, August 1, 2013

ဗီတာမင် စာစုများ

အသီးသီးသော အပင် သာလျှင် ခဲပစ်ခံရပါသတဲ့။

Thursday, July 25, 2013

ခြေတစ်လှမ်းအစပြုခြင်း

It needs to start a single step to get a thousand mile.
မိုင်ပေါင်းထောင် ချီသွားဖို့ရာအတွက် ခြေတစ်လှမ်းတော့ အစပြုဖို့ လိုအပ်ပါတယ်။

Sunday, July 21, 2013

အောင်မြင် မှု နှင့် ရှုံးနိမ့်မှုကြားက ပါးလွှာသည့် စည်း

မည်သည့် ပျက်စီးဆုံးရှုံးမှုမျိုးကိုမဆို လုံးဝပြန်လည် ပြင် ဆင် မရတော့သည် မရှိ။
မဖြစ်ဖြစ်အောင် ကြိုးစားမည်ဟူသော ပြတ်သားခိုင် မာ သည့် စိတ်ဇွဲဖြင့် ဆုံးရှုံးမှုကို အောင်မြင် မှု သို့ ပြောင်းလဲပစ်နိုင် ရပါမည်။

စံချိန်မှီသော စွမ်းဆောင် မှု

ရှေ့ဆက်တိုးရခက်နေတယ်ဆိုတာ တစ်ခုတည်းနဲ့တော့ နောက်ဆုတ်လို့ မဖြစ်။
ဘယ်အခါမျိုးမဆို ကိုယ့်ဆီက အကောင်းဆုံး ပေးနိုင်အောင် ကြိုးစားရပါမယ်။

Wednesday, July 17, 2013

ဗီတာမင် စာစုများ

ဘ၀မှာ ခလုတ်တိုက်မိတဲ့ ကျောက်တုံး၊
ကျောက်ခဲတွေကို ကိုယ့်ဘ၀တက်လမ်း
အတွက် နင်းဖြတ်ကျော်လွှားသွားနိုင် မယ့်
ခြေနင်းတုံးများအဖြစ် ပြောင်းလဲအသုံးပြုနိုင်
ဖို့ အမြဲကြိုးစားတတ်ပါစေ။

ဗီတာမင် စာစုများ

Only the highest sea gull can be seen the far away.
အမြင့်ဆုံး ပျံ နိုင် သော စင်ရော်သာလျှင်
အ ဝေး ဆုံး ကို မြင်နိုင် ပါသတဲ့။

ဗီတာမင် စာစုများ

မြို့လယ်မှ မြေကွက်လပ်ကို သွားတဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ် ဒီလမ်းကသွားလို့ မရရင် နောက်တစ်လမ်းကနေ ပြောင်းသွားနိုင်
ပါတယ်တဲ့.........
ထို့နည်းတူ တစ်ခုခုကို ပိုင် ဆိုင် လိုသောအခါဖြစ်စေ တစ်ခုခုကို ပြုလုပ်လိုသော အခါဖြစ်စေ ဤနည်းလမ်းဖြင့် မရနိုင် ပါက စိတ်ဓါတ်မကျပဲ အခြားနည်းဖြင့်
ထပ်ကာထပ်ကာ ကြိုးစားကြည့်နိုင် ပါသည်
ဟူသော အားအင် အသိများ
ဖြစ်ထွန်းလာစေပါသည်။

Monday, June 10, 2013

Android ဖုန်းက Data တွေကို ပြည်လည် ဆယ်ယူပေးမဲ့ Android Data Recovery

Android Data Recovery

ခုဖော်ပြပေးမဲ့ဆော့ဝဲလ်လေးကတော့ အသုံးပြုရလွယ်ကူပြီး မိမိတို့ရဲ့ Android ဖုန်းပေါ်က Data တွေကို ပြည်လည် ဆည်ယူပေးမဲ့ Data Recovery ဆော့ဝဲလ်လေးပါ။ မှား ဖျက်မိတဲ့ သီချင်းတွေ ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကို recovery လုပ်နိုင်ပါတယ်။ recovery scand လုပ်ပြီး တဲ့အခါမှာလည်း preview လေးအနေနဲ့လည်း ကြည့်ရှု့နိုင်ပါတယ်။ အထောက်အပံ့ပေးနိုင်တာတွေကတော့
Deleted , Formatted လုပ်မိလို့ ဆုံးရှုံးသွားတဲ့ဖိုင်တွေကိုတော့ အပြည့်အ၀ အထောက်အကူပြုပေးမှာပါ။
နောက်ပြီး Deleted ,Factory reset ကိုလည်း အထောက်အကူပေးနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ အသုံးပြုလို့ အဆင်ပြေစေမဲ့ဆော့ဝဲလ်လေးမို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ မူရင်းဆိုက်က လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် အောက်ကလိပ်စာလေးမှ လေ့လာနိုင်ပါတယ်ခင်ဗျာ။

Download>>>http://bluenavyblog.blogspot.com/2013/06/android-data-recovery.html
ခုဖော်ပြပေးမဲ့ဆော့ဝဲလ်လေးကတော့ အသုံးပြုရလွယ်ကူပြီး မိမိတို့ရဲ့ Android ဖုန်းက Data တွေကို ပြည်လည် ဆယ်ယူပေးမဲ့ Data Recovery ဆော့ဝဲလ်လေးပါ။ မှား ဖျက်မိတဲ့ သီချင်းတွေ ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကို recovery လုပ်နိုင်ပါတယ်။ recovery scand လုပ်ပြီး တဲ့အခါမှာလည်း preview လေးအနေနဲ့လည်း ကြည့်ရှု့နိုင်ပါတယ်။ အထောက်အပံ့ပေးနိုင်တာတွေကတော့
Deleted , Formatted လုပ်မိလို့ ဆုံးရှုံးသွားတဲ့ဖိုင်တွေကိုတော့ အပြည့်အ၀ အထောက်အကူပြုပေးမှာပါ။
နောက်ပြီး Deleted ,Factory reset ကိုလည်း အထောက်အကူပေးနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ အသုံးပြုလို့ အဆင်ပြေစေမဲ့ဆော့ဝဲလ်လေးမို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ 
ဒီမှာဒေါင်းပါ ..... http://www.mediafire.com/download/zsm8olec388tvzo/P.A.D.R..7z
 
မူရင်းဆိုက်က လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် အောက်ကလိပ်စာလေးမှ လေ့လာနိုင်ပါတယ်ခင်ဗျာ။

မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး

မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး
             မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးချိန် (၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်) မှစ၍ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံအား အသိအမှတ်ပြုခဲ့ပြီး၊ ၁၉၅၉ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံမှ ပထမဆုံး ကိုယ်စားလှယ်အဖွဲ့သည် ကွာလာလမ်ပူမြို့၌ ရုံးဖွင့်ခဲ့ပါသည်။ ထို့နောက် သံရုံးအဆင့် တိုးမြှင့် ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ပထမဆုံး သံအမတ်ကြီးအား ရန်ကုန်မြို့သို့ စေလွှတ်၍ သံရုံးဖွင့်လှစ်ခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ သံတမန် ဆက်သွယ်မှု မှတ်တမ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (က)    သံတမန်အဆက်အသွှယ် စတင်ထူထောင်သည့်နေ့    -    ၁-၃-၁၉၅၈

(ခ)    မလေးရှားနိုင်ငံတွင် မြန်မာသံရုံး စတင်ဖွင့်လှစ်သည့်နေ့    -    ၄-၆-၁၉၅၉

(ဂ)    မြန်မာနိုင်ငံတွင် မလေးရှားသံရုံး စတင်ဖွင့်လှစ်သည့်နေ့    -    ၁၉၆၄ ခုနှစ်၊ ဖေဖော်ဝါရီလ

        မလေးရှားအစိုးရသည် MTCP ကို ၁၉၈၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီများအဖြစ် သင်တန်းများ၊ ပညာသင်ဆုများ၊ လေ့လာရေး ခရီးစဉ် များ၊ မလေးရှားအစိုးရအဖွဲ့အစည်းများသို့ တွဲဖက်ကာ လေ့လာသင်ယူစေသည့် အစီအစဉ်များကို သက်ဆိုင်ရာနိုင်ငံ၏ အစိုးရများမှ တစ်ဆင့် ပေးအပ်ပါသည်။ MTCP ၏ လူ့စွှမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်ကို မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် သင်တန်းပေါင်း (၅၀) ခန့် ပျမ်းမျှရရှိလျက် ရှိပါသည်။

ရင်းနှီးမြှုပ်နှံမှု
     မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၁ ခုနှစ်အထိ စာရင်းများအရ  မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅၅၁၈.၄၄၀ သန်းရှိသည့်အနက် မလေးရှားနိုင်ငံမှ ကုမ္ပဏ္ဏီ ၃၆ ခုမှ အမေရိကန်ဒေါ်လာ ၈၉၈.၃၄၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ တွင်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ အဆင့် ၇ နေရာတွင် ရှိပါသည်။ အဆိုပါပမာဏ္ဍသည်မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂.၅၃ % ခန့် ရှိပါသည် ။


Tuesday, June 4, 2013

ရသစုံအောင်လံမဂ္ဂဇင်း - 2013 ခုနှစ် PDF

ရသစုံအောင်လံမဂ္ဂဇင်း - 2013 ခုနှစ် PDF

ဖတ်ရှုလိုသူများ အောက်ပါလင့်တွင် ဒေါင်းယူ ပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်....

https://docs.google.com/uc?id=0BzKRVjrtp5rHcktGaVN4Sy1QZ0E&export=download

Monday, June 3, 2013

ကျောင်းဝင် အသက်ကို ၆ နှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျက်ရှိ

အခြေခံပညာရေးစနစ်တွင် ကျောင်းဝင် အသက်ကို ၆ နှစ် ပြောင်းလဲ သတ်မှတ်ရန် စီစဉ်လျက်ရှိ


အာဆီယံနိုင်ငံများရဲ့ အခြေခံပညာရေး စနစ်နဲ့အညီ မြန်မာနိုင်ငံ အခြေခံပညာရေး စနစ်ကို ပြောင်းလဲရာမှာ ကလေးများရဲ့ ကျောင်းဝင် အသက်ကို ၆နှစ်ပြောင်းလဲ သတ်မှတ်ရန် စီစဉ်လျက်ရှိ တယ်လို့ သိရပါတယ်။ ဒီလို ပြောင်းလဲ သတ်မှတ်ရာမှာ အသက် ၆ နှစ်ပြည့်ပြီး မှသာ ကလေးများရဲ့ ဦးနှောက်၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ များဟာ ဖွံ့ဖြိုးမှု ပြည့်စုံ တာကြောင့် အသက် ၆ နှစ်မှာ အခြေခံပညာ သင်ရိုးညွှန်းတမ်းကို သင်ယူရန် အသင့်ဖြစ်ခြင်းနဲ့ သူငယ်တန်း သင်ရိုးညွှန်းတမ်း ကိုလည်း ကလေးများရဲ့ အသက်အရွယ်နှင့် စီလျော်အောင် ပြန်လည် ပြုပြင် ရေးဆွဲဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး အသက် ၅ နှစ်ခွဲ ကလေးများကို သူငယ်တန်းမှာ သင်ရိုးညွှန်းတမ်း အသစ်နဲ့သာ လက်ခံ ဆောင်ရွက်သင့်ကြောင်းနဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ပြီး သူငယ်တန်း ပြီးစီးခဲ့တဲ့ အသက် ၆ နှစ် ကလေးများကို Grade -1 တွင် လက်ခံ သင်ကြား သင့်တယ်လို့ သိရပါတယ်။

မူလတန်း အထက်အဆင့် Grade - 4 ၊  Grade -5 မှစတင်ပြီး အင်္ဂလိပ်စာကို သင်ကြား သင့်ကြောင်းနဲ့ မူလတန်း အောက်အဆင့် Grade- 1၊ Grade- 2 ၊ Grade- 3 တို့မှာ တိုင်းရင်းသား ဘာသာစကားကို သင်ကြား သင့်တယ်လို့ ဘက်စုံ လွှမ်းခြုံနိုင်တဲ့ ပညာကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း အဆင့် ၁ အချိန်တို အတွင်း အကဲဖြတ်ခြင်း အစီရင်ခံစာ မူကြမ်းမှ အကြုံပြု ထောက်ခံချက်များ အရ သတင်း ရရှိပါတယ်။
by - MRTV-4

Saturday, June 1, 2013

ရွှေပြောင်ပြောင်ဘုရားသမိုင်း(pdf)

ရွှေပြောင်ပြောင်ဘုရားသမိုင်း ကို pdf အနေနဲ့ ဖတ်ချင်သူများအတွက် ...........



Thursday, May 30, 2013

ဆရာ ဦးသိန်းဆိုင်ရဲ့ အရမ်းနှစ်သက်မိတဲ့ ကဗျာကောင်းလေးပါ........

-------အသင်--------?

ထိုပင်ငုတ်တို

ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ

ခြအုံလည်းဖြစ် 


ဓားထစ်လည်းခံ

နေလျှံလည်းတိုက်

လေပြင်းခိုက်လျှက်

မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ

ရွက်သစ်ဝေ၍

လေပြည်ထဲတွင်ငယ်ရုပ်ဆင်သည်


အသင်--------------

ယောင်္ကျားကောင်းတကား------------------။

မြန်မာ ဂျာနယ်များ ဒေါင်းရန်

မြန်မာ ဂျာနယ်များ ဒေါင်းရန်


စာဖတ်ဝါသနာပါသူများအတွက် မြန်မာ ဂျာနယ်များ ကို ဒေါင်းလော့ ရနိုင်တဲ့ ဆိုဒ်လေးတစ်ခုကို
လမ်းညွန့်လိုက်ပါတယ်.... အပေါ်မှာဖော်ပြထားတဲ့ ဂျာနယ် တွေကို အပတ်စဉ်Update တွေကိုဒေါင်းလော့ ရယူနိုင်ပါတယ်
ဒီနေရာလေးမှာ သွားရောက် ဒေါင်းယူနိုင်တယ်

Wednesday, May 29, 2013

ဘလော့သို့ ကြွလာ မိတ်သဟာများ ကြိုက်နှစ်သက်ရာ သုံးဆောင်သွားကြပါ.............










မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန်း

Myanmar News Update's photo.
အရမ်းကို လေးစားဖို့ကောင်းပါတယ် မြန်မာ အမျိုးသမီးဆိုတာ ........

မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန
၁၉၅၄ ခုနှစ်တုန်းက (ဒေါ်)၀င်းမင်းသန်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ
Miss Universe ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
အဲဒီပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် Purple Plain ဆိုတဲ့ မြန်မာနိုင်ငံကို နောက်ခံထားရိုက်တဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ မင်းသမီးဖြစ်ခဲ့တယ်။
ဟောလိဝုဒ်ရဲ့ ပထမဆုံးသော မြန်မာအမျိုးသမီးသရုပ်ဆောင်အဖြစ်နဲ့ပေါ့။.........
... ထူးခြားတာလေး တစ်ခုကို ပြောပြချင်ပါတယ်။
ဟောလိဝုဒ်မှာ နာမည်ကျော် မင်းသမီးဖြစ်တဲ့တဲ့ (ဒေါ်)၀င်းမင်းသန်းဟာ မလုံတလုံအ၀တ်အစားနဲ့ ကိုယ်လုံးအလှပြရမယ့် ရေချိုးတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့တော့ မြန်မာအမျိုးသမီးပီသစွာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုခေတ် .. တောမရောက် တောင်မရောက် မင်းသမီးမမတွေနဲ့များ ဂုဏ်သရေကွာခြားလှချည်ရဲ့လို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ

ဆရာတော် Ven Sujana စာမျက်နှာမှကူးယူဖော်ပြပါတယ်....
အရမ်းကို လေးစားဖို့ကောင်းပါတယ် မြန်မာ အမျိုးသမီးဆိုတာ ........

မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန်း
၁၉၅၄ ခုနှစ်တုန်းက (ဒေါ်)၀င်းမင်းသန်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ
Miss Universe ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
အဲဒီပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် Purple Plain ဆိုတဲ့ မြန်မာနိုင်ငံကို နောက်ခံထားရိုက်တဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ မင်းသမီးဖြစ်ခဲ့တယ်။
ဟောလိဝုဒ်ရဲ့ ပထမဆုံးသော မြန်မာအမျိုးသမီးသရုပ်ဆောင်အဖြစ်နဲ့ပေါ့။.........
... ထူးခြားတာလေး တစ်ခုကို ပြောပြချင်ပါတယ်။
ဟောလိဝုဒ်မှာ နာမည်ကျော် မင်းသမီးဖြစ်တဲ့တဲ့ (ဒေါ်)၀င်းမင်းသန်းဟာ မလုံတလုံအ၀တ်အစားနဲ့ ကိုယ်လုံးအလှပြရမယ့် ရေချိုးတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့တော့ မြန်မာအမျိုးသမီးပီသစွာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုခေတ် .. တောမရောက် တောင်မရောက် မင်းသမီးမမတွေနဲ့များ ဂုဏ်သရေကွာခြားလှချည်ရဲ့လို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ

ဆရာတော် Ven Sujana စာမျက်နှာမှကူးယူဖော်ပြပါတယ်....

Tuesday, May 28, 2013

ကိုးန၀င်း မိုးလင်းမှသိမယ်

ကိုးနဝင်းအဓိဌာန်ပုတီးစိတ်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ကိုးန၀င်း (9NaWim) လို့ခေါ်တဲ့ Android ဖုန်း application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကိုးန၀င်းပုတီးစိပ်နည်းနဲ့ပတ်သက်ပြီး မိမိ ဘယ်နေ့မှာ ဘာဂုဏ်တော်ကိုစိပ်ရမယ်ဆိုတာကို ဒီဆော့ဝဲလေးကညွှန်ကြားပေးမှာဖြစ်ပါတယ်။ ကိုးန၀င်းပုတီးစိပ်လက်စ သူတွေအတွက်လည်း ရောက်လက်စ အဆင့် နဲ့ နေ့ကို ဆော့ဝဲထဲမှာထည့်လိုက်တာနဲ့ဘာဆက်စိပ်ရမယ်ဆိုတာကို ဆော့ဝဲက ပြောပြပေးပါလိမ့်မယ်။ ကိုးန၀င်း Android application လေးကိုရေးသားသူကတော့ Developer ကိုပြည့်ဖြိုးရှိန် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် Android ဖုန်းပိုင်ရှင်တွေအတွက် ရှိထားသင့်တဲ့ မြန်မာ application လေးတစ်ခုပါ။ ကိုးန၀င်း (9NaWim) v1.1.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download Here:

Mirror link:
ကိုးန၀င်း (9NaWim) v1.1.2 for Android (Link 1)
ကိုးန၀င်း (9NaWim) v1.1.2 for Android (Link 2)



Credit - သက်နိုင်စိုး(Myanmar Mobile App)

Monday, May 27, 2013

ဖုန်းအတွက် မြန်မာဖောင့်များ

ဆိုဒ်ကြီးတဲ့ ဖိုင်တွေကို ပို့ချင်ရင်

လွယ်ကူလျင်မြန်တဲ့ mail ပို့နည်းလေးပါ

ဖိုင်ဆိုဒ် 100 MB to 1GB အထိ ဆိုဒ်ကြီးတဲ့ ဖိုင်တွေကို ပို့ချင်ရင် ပုံမှန် gmail < compose mail > attach a file နဲ့ ဆိုရင် တော်တော် ကြာပါလိမ့်မယ် (ဆိုဒ်ပေါ်မူတည်ပြီး)။ ဒီတော့ ကျွန်တော် ပို့နည်း အသစ်တခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီပို့ နည်းကတော့ ပို့ ချင်တဲ့ဖိုင်ကို upload လုပ်ပြီး link ကိုပဲကိုပေးချင်တဲ့သူဆီကို ပေးရတဲ့ ပုံစံပါ။ ဒီတော့ ကိုယ်ပေးချင်တဲ့သူအနေနဲ့  download တော့ဆွဲ ရလိမ့်မယ်။ ဒါပေမဲ့ မကြာပါဘူး။ အောက်က link လေးတွေ ကနေ upload တင်ပြီး ပို့နိုင်ပါတယ်ဗျာ...........

http://www.mailbigfile.com/
http://www.sizablesend.com/
http://www.yousendit.com/
http://www.megaupload.com/
http://www.zupload.com/
http://www.dropsend.com/
http://www.leapfile.com/
http://www.mediamax.com/
www.orbitfiles.com
www.drivehq.com
www.flipdrive.com
www.xdrive.com
 

ကမ္ဘာ့အကောင်းဆုံး Game Download Websites များ



ယနေ့ခေတ် IT ကမ္ဘာက လူငယ်များအတွက်ကတော့ Game ဆိုတာဟာ ပြောစရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်နေတဲ့ အသည်းစွဲပါ။ X Box, Wii Game, Sony, Apple i-pod, Apple i-pad စတဲ့ Digital Device မျိုးစုံနဲ့။ Gamming Adventure တွေကြားမှာ မွေးဖွားလာကြတဲ့ Digital Generation လူငယ်များအတွက် ဒီတစ်လ Inernet Travelling ကဏ္ဍမှာ Internet ပေါ်က ကမ္ဘာ့အကောင်းဆုံး Free Game Download Website များကို တင်ပြပေးလိုက်ပါတယ်။ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အင်တာနက်ပေါ်မှာရှိတဲ့ content မှန်သမျှကို Provide လုပ်ပေးနေ တဲ့ Leading Internet Content Provider ဖြစ်တဲ့ Yahoo! Website ဟာ Free Game Download နဲ့ ပတ်သက်ပြီးတော့လည်း ကမ္ဘာ့အကောင်း ဆုံး Website တစ်ခုပါတဲ့။ ဒီဆိုဒ်ပေါ်မှာ Free Game မျိုးစုံသာမက Puzzle Game, Card game စတဲ့ Paper Based Game မျိုးစုံကိုလည်း Download ရယူနိုင်ပါသတဲ့။
ဒီဆိုက်မှာလည်း Game နဲ့ ပတ်သက်တဲ့ Review (သုံးသပ်ချက်) တွေ၊ News Releases တွေ၊ Special Passwords တွေ စတဲ့ Gamming Services တွေအားလုံးကို ရနိုင်တဲ့ အပြင် PC, PS2, PS 3, XBOX, PSP, GBA, DS, Mobile, WII, MMPOG စတဲ့ Devices အစုံအလင်အတွက် Game ပေါင်းစုံကို တစ်နေရာထဲမှာ Download ရနိုင်တဲ့အတွက် PC Gammer တွေ အထူးအကြိုက်တွေ့ မယ့် Website တစ်ခုပါ။
ဒီ Site မှာလည်း gamezone တုန်းကလိုပဲ device အစုံအတွက် Game Download ရယူနိုင်တဲ့ အပြင် ထူးထူးခြားခြား i-phone တွေ i-pad တွေအတွက်လည်း ထိတွေ့ခံစားမှုနဲ့ ဆော့လို့ရတဲ့ Touch Game တွေ Download ရယူလို့ရပါတယ်။ နောက် ဒီ Site ပေါ်မှာ Game နဲ့ ပတ်သက် တဲ့ Latest Headlines တွေကိုလည်း ဖတ်ရှုလို့ ရပါသေးတယ်။
ဒီ Site ကို ၀င်ဖို့ကတော့ User Name, Password ပါတဲ့ Account တစ်ခု ဖန်တီးဖို့ ပထမဆုံး လိုပါ တယ်။ ဒီ Site မှာလည်း Game မျိုးစုံ ကို Free Download ရနိုင်တဲ့အပြင် ထူးခြားတာက။ Gamming နဲ့ သက် ဆိုင်တဲ့ Technology Fourm တွေမှာ လည်း ၀င်ရောက် ဆွေးနွေးပြီး အသိပညာ ဖလှယ်နိုင်ပါသေးတယ်။
Online လောကရဲ့ နာမည် ကြီး msn ရဲ့ msn games site မှာ လည်း startegy, Action စတဲ့ High Definition, High Graphic Game မျိုးစုံ ကို Download ရယူနိုင်ပါတယ်။
ဒီ Site မှာလည်း Game မျိုး စုံ၊ Game နဲ့ ပတ်သက်တဲ့ Review မျိုးစုံ၊ Guide မျိုးစုံကို Download ရယူ နိုင်ပြီး ထူးခြားတာက Religion's Role in Gamming တို့လိုမျိုး ထူးခြားတဲ့ Topic ကလေးတွေကို ဒီ Site ပေါ် မှာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးတယ်။
ဒီ site ကတော့ Free Game Download နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ဒုတိယအကောင်းဆုံး Web-site တစ်ခုပါ။ ဒီဆိုဒ်ရဲ့ Home Page မှာ Selection Popular Games တွေကို Download ဆွဲလို့ ရသလို၊ Website တစ်ခု ဖန်တီးဖို့အတွက် Free Hosting, 300 Free templates, Free Homepage စတာတွေကိုလည်း Download ရယူနိုင်ကြပါတယ်။ ဒါ့ အပြင် သူ့ဆီမှာလည်း Arcad Games, Card Games, Puzzles, Sports Games, Word Games အစုံ အလင်ကိုလည်း Free Download ရ ပါသေးတယ်။
ဒါကတော့ ခုနက ကမ္ဘာ့ အကောင်းဆုံး Yahoo! Website ရဲ့ Video Games သီးသန့် Free Download Selection Site ပါ။ Video Game မျိုးစုံကို Download ရနိုင်ပါ တယ်။
ဒီ Site မှာတော့ ပေါ့ပေါ့ပါးပါး အသေးစား Flash Game ကလေး တွေရယ်၊ ကလေးတွေအကြိုက် Baby Game, Funny Game လေးတွေ မျိုးစုံကို အခမဲ့ ရယူနိုင်ကြပါတယ်။
ဒီ Site ကတော့ Game အကြီးစားကြီးတွေကို Download လုပ်လို့ရမှာ မဟုတ်ပဲ၊ Cell Phone, Pocket PC, Tablet စတဲ့ Small Screen Devices များအတွက် ရည်ရွယ်တဲ့ Game တွေကို Download ရယူနိုင်ကြမှာ ဖြစ်ပါတယ်..။
Credit To: aungsanmks

Thursday, May 23, 2013

Google ကို မြန်မာ domain .com.mm မှ မူရင်း .com သို့ပြောင်းဝင်မယ်

 ကျွန်တော်တို့ Google.com သို့ဝင်ရင် မြန်မာ ဒိုမိန်း ရှိတာ မို့ ဘယ်လိုဘဲ ရိုက်ရိုက် .com.mm ဒိုမိန်းနဲ့ဘဲ ထွက်လာမှာ ဖြစ်ပါတယ်.. Google က မြန်မာစာကို unicode သုံးထားတာမို့ unicode မရှိသူတွေ အတွက် အဆင်ပြေမှာ မပာုတ်ပါဘူး..ဒီတော့ ကြည့်ရှုရတာ မျက်စိ ပသာဒ မရှိမှာ အမှန်ပါ. ဒီတော့ English လို ပြောင်းလို့ ရအောင် အောက်ဆုံးမှာ change in English လို့ပေးထားပါတယ်.အဲတာလေးကို ကလစ်လိုက်ရင် English ဘာသာ ပြောင်းသွားမှာ ဖြစ်ပါတယ်..(ဒါကိုတော့ လူတိုင်းသိကြမှာပါ)
ဒါပေမယ့် doamin က တော့ .com.mm နဲ့ဘဲ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်... 
google.com နဲ့ဘဲ သုံးချင်တဲ့ သူတွေ အတွက် နည်းလမ်းလေး တခုကို ပြောပြလိုက်ရပါတယ်....
ဒါကတော့ www.google.com ရဲ့နောက်မှာ slash(/)လေးခံပြီးနောက်က ncr ဆိုတာ ရိုက်ထည့်လိုက်ပါ. ဒီလိုလေးပေါ့နော်..(www.google.com/ncr) ဒီလိုဆိုရင်တော့ google.com ဘဲပေါ်လာမှာပါ ..တခါရိုက်ပြီးရင်နောက်တခါမလိုတော့ပါဘူး နောက်တခါဆို google.com ဘဲရိုက်လိုက်ရင် ရပါပြီ ခင်ဗျာ....

Tuesday, May 21, 2013

ကိုယ့်ရဲ့ Gmail ကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့

ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့

ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ် ၊ ကျနော်တို့မှာ ဒေါ်လာတွေ သန်းချီပြီး ထည့်ထားတဲ့ ဘဏ်စာရင်း နံပါတ်တွေလည်း မရှိဘူး ၊ သတင်းတွေ အတင်းတွေကို ရောင်းစားလို့ ရလောက်အောင် ကျနော်တို့က super stars celebrities တွေလည်း မဟုတ်ဘူး ၊ အဲဒါကြောင့် အများစုက ဟက်ကာတွေရဲ့ရန်ကနေ လွတ်ကင်းနေကြသေးတယ် ၊ သို့သော်လည်း ဘာအတွက်မှ မဟုတ်ပဲ ဟက်လို့ရတဲ့ Gmail တို့ facebook တို့က ID နဲ့ password တွေကို ထောင်သောင်းချီပြီး ထုတ်ပြနေတဲ့ ဟက်ကာငကြွား အစွမ်းပြသမား တွေကလည်း ရှိနေတော့ သတိတော့ ထားရမှာပဲ ။ 
တချို့တွေ ကျပြန်တော့လည်း ဟိုဖက်ဒီဖက် password လေးတွေ လဲလှယ်ထားကြတာမျိုး ကလည်းရှိနေတော့ ကိုယ်ဝင်ဖတ်လိုက် သူဝင်စစ်လိုက်နဲ့ပေါ့ ။ 
အဲဒီလိုမျိုး ကိုယ့် Gmail ထဲကို ဘယ်အချိန်မှာ ဘယ်နေရာကနေ ၀င်သွားတယ်ဆိုတဲ့ မှတ်တမ်းကလေးကို ကျနော်တို့ သိနိုင်ရင် ကောင်းမှာပါ ၊ တလောက ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ Gmail ကို ဖွင့်ပြီး စစ်ပြတော့ မသင်္ကာစရာ တစ်ခုတွေ့ရတယ် ၊ အဲဒီလိုပဲ မကြာမကြာ ဆိုသလို Gmail account တချို့ ၀င်မရဘူးလို့ ပြောနေတာတွေလည်း ကြားနေရတယ် ၊ ဒါနဲ့ပဲ စစ်ကြည့်ရမယ့် နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ၊ အနည်းဆုံး တစ်ခါတော့ စစ်ကြည့်သင့်ပါတယ် ။ 
သေချာစေချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သုံးနေတဲ့ IP (Internet Protocol) address ကို သိအောင်လုပ်ရပါမယ် ၊ အဲဒါကလည်း ဘာမှမခက်ပါဘူး google search bar (www.google.com) မှာ my ip လို့ရိုက်လိုက် ၊ ရိုက်လို့တောင် မပြီးသေးဘူး ပေါ်လာပြီ ၊ အောက်မှာ ဖတ်ကြည့်ပြီး မှတ်ထားလိုက် ၊ အဲဒါမှ ခက်သေးရင်လည်းရတယ် ဘာမှမလုပ်နဲ့ ၊ နောက်မှ အဖြေကို ကြည့်ပြီး စဉ်းစားနည်းပြောမယ် ။ 
ကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ account နဲ့ login ၀င်လိုက်ပါ ၊ mail စာမျက်နှာရဲ့ ဟိုးညာဖက် အောက်ဆုံးဒေါင့်မှာရှိတဲ့ Details ဆိုတဲ့ စာလုံးလေးပေါ် ကလစ်လုပ်လိုက်ပါ ၊ အဲဒီမှာ Gmail account ထဲကို ၀င်သွားတဲ့မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်
Access type (ကွန်ပြူတာကနေ၀င်သုံးတာလား ၊ ဖုန်းကနေ ၀င်တာလား စသည်) ၊ 
Location (၀င်သုံးတဲ့နိုင်ငံ) ၊ 
IP address ( အင်တာနက်လိပ်စာ) ၊ 
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ်
အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင် highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ်
ကိုယ်ရှိနေတဲ့နိုင်ငံနဲ့ ကိုယ်သုံးစွဲခဲ့တဲ့ အချိန်တွေကို ကြည့်ပြီး ကိုယ့်စက်ရဲ့ IP ဘာဖြစ်မလဲ ကြည့်ပါ ၊ မကြာခဏ တူနေတာ ကိုယ့် IP ပေါ့ ၊ ကိုယ်က Gmail သုံးတဲ့အချိန်နဲ့ စက်ကဖေါ်ပြထားတဲ့ သုံးစွဲချိန်ကို တိုက်ဆိုင်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ် ၊ သူငယ်ချင်း အခန်းမှာ သွားလည်တုန်း Gamil ဖွင့်တယ်ဆိုရင်လည်း IP ပြောင်းသွားပါလိမ့်မယ် ၊ နိုင်ငံတော့ မပြောင်းဘူးပေါ့
ဒါဆိုရင် ကိုယ်နဲ့ ဆိုင်တဲ့သူ ၀င်တာလား မဆိုင်တဲ့သူ ၀င်မွှေသွားတာလားဆိုတာကို စစ်ဆေးကြည့်နိုင်ပါပြီ ။ 
နောက်ထပ် Gmail လုံခြုံရေးအတွက် ဘာညာဘာညာ လေးတွေရေးပါဦးမယ် ၊ အခုတော့ ဒီမှာတင်ရပ်လိုက်ပါပြီ ။ 
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ။

ကွန်ပြူတာက အချိန်တွေကို ပြောပြနေစေချင်တဲ့အခါ

နာရီတိုင်းမှာ ကွန်ပြူတာက အချိန်တွေကို ပြောပြနေစေချင်တဲ့အခါ 



တချို့သော တယ်လီဖုန်းတွေမှာ အချိန်နာရီ ပြောင်းသွားတိုင်း ဘယ်နှစ်နာရီ ထိုးပြီဆိုတာ ပြောပေးနေတဲ့ Function လေးတွေ ဖွင့်ထားတာကြတာ ကိုတွေ့ရပါတယ် ၊ အဲဒီလို လုပ်ဆောင်မှုမျိုးကို ကျနော်တို့ကွန်ပြူတာမှာ အလွယ်တကူ ဖန်တီး နိုင်တာ ကို တွေ့ရတဲ့အတွက် ထပ်ဆင့်ဝေမျှလိုက်ပါတယ် ။ ထူးဆန်း လန်းသစ်တဲ့ ဖန်တီးမှုလေးများကို ကိုယ်တိုင် ဖန်တီးပြီး ကျေနပ်ပျော်ရွှင်လိုတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ အတွက် ရည်ရွယ်ပါတယ်..


ပထမဦးဆုံးကတော့ ဟောဒီအောက်မှာပေးထားတဲ့ code လေးတွေကို Notepad လေးပေါ်ကူးတင်ပြီး .vbs ဖိုင်အဖြစ် နာမည်တစ်ခုခုနဲ့ save လုပ်လိုက်ပါ ၊ ဘယ်နေရာမှာ save ထားတယ် ဆိုတာကို မှတ်သားခဲ့ပါ ၊ time.vbs လို့ နာမည်ပေးပြီး save လိုက်တယ် ဆိုပါစို့ ..

Dim speaks, speech
speaks = "It is " & hour(time) & " O'clock"

Set speech = CreateObject("sapi.spvoice")
speech.Speak speaks



အဲဒီ time.vbs လေးကို double click လုပ်ပြီး စမ်းကြည့်ပါ ၊ အခုရှိနေတဲ့ နာရီကို ပြောပေးပါလိမ့်မယ် ၊ မိနစ်တွေကတော့ မပါဘူး ၊ သူ့ကို တစ်နာရီ တစ်နာရီ ပြောင်းသွားတိုင်း run အောင် လုပ်ပေးမှာဆိုတော့ နာရီကိုပဲပြောခိုင်းတာ ကောင်းပါတယ်.. 

ဒုတိယကတော့ အဲဒီ program လေးကို အချိန်ဇယားဆွဲပြီး နာရီတိုင်းပွင့်အောင် လုပ်ရပါလိမ့်မယ် (

(၁) Win key နဲ့ R ( Win + R ) ကိုတွဲရိုက် လိုက်တဲ့အခါ Run box လေးကျလာမယ် ၊
 အဲဒီမှာ Taskschd.msc လို့ရိုက်ပြီး Enter ခေါက်ပါ .. 
(Windows 7 မှာဆို Startmenu မှာပဲ ရိုက်ပြီး Enter ခေါက်လိုက်ရင်လည်း သွားပါတယ် ၊ Run ကိုခေါ်နေစရာ မလိုတော့ပါ )
Task Scheduler program ကိုခေါ်ထုတ်တဲ့ အဆင့် ဖြစ်ပါတယ် (

(၂) ပေါ်လာတဲ့ Task Scheduler ကနေ Action > Create task ကိုဖွင့်ပါ General tab ရဲ့အောက်မှာ ရှိနေမှာ ဖြစ်ပြီး Schedule ရဲ့ နာမည်ပေးပါ ၊ OK .. OK ကိုနှိပ်ပါ ၊
နာမည် သတ်မှတ်တဲ့ အဆင့် ၊ schedule တစ်ခု ဖန်တီးတဲ့အဆင့် ဖြစ်ပါတယ် ..




(၃.က) Trigger tab ကိုရွှေ့ပြီး New Trigger box ပေါ်လာမယ် ..

(၃.ခ) Start နဲ့တည့်တည့်မှာရှိတဲ့ Schedule စမယ့်အချိန်ကို နာရီအတိဖြစ်အောင်ချိန်လိုက်ပါ ၊ Repeat task every ရဲ့ရှေ့မှာ select လုပ်ပြီး one hour မှာထားပါ ၊ for a duration of ကို indefinitely ပြောင်းပြီး Ok နှိပ်ပါ
Schedule ကို အချိန်ဇယား ထည့်ပေးတဲ့ အဆင့်ဖြစ်ပါတယ်..


(၄) Action tab ကိုရွှေ့ပြီး New ကိုနှိပ်ပါ.. New action box လေးကျလာတဲ့အခါ browse ကိုနှိပ်ပြီး စောစောက save ထားတဲ့ time.vbs ဖိုင်လေးဆီကိုသွားလိုက်ပြီး open ကိုနှိပ်ပါ ၊ ok ကိုနှိပ်ပါ ဒီအဆင့်က လုပ်ဆောင်ရမယ့် အလုပ်တာဝန်လေးနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် .. ပြီးသွားတဲ့အခါ ok ကိုနှိပ်ပြီး အားလုံးပိတ်လိုက်ပါ ၊


 ပြီးသွားပါပြီ ။

ကွန်ပြူတာဖွင့်ပြီး သုံးနေစဉ်မှာ နာရီတိုင်း ကွန်ပြူတာက ဘယ်နှစ်နာရီ ထိုးပြီဆိုတာကို ပြောပေးနေမှာ ဖြစ်ပါတယ် ..

အသစ်အဆန်းလေးများနဲ့ ပျော်ရွှင်နိုင်ပါစေ..

Facebook ထဲက သူငယ်ချင်းရဲ့ Email သိချင်သူများအတွက်

Facebook ထဲက သူငယ်ချင်းရဲ့ Email ၊ မမေးပဲနဲ့ သိချင်သူများအတွက်

တချို့တွေကျတော့ facebook ထဲက သူငယ်ချင်းကို facebook ထဲကနေပဲ message တွေပို့ပေးတာထက်ပိုပြီး email account လေး ဘာလေး သိချင်လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ၊ facebook ထဲမှာ မြစ်ဖျားခံသွားတဲ့ ဇတ်လမ်းကောင်း လေးတွေလည်း ဟိုနားဒီနား ကြားဖူးနေကြတယ် မဟုတ်လား ၊ နည်းပညာ ဗဟုသုတ အတွက်ပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ် သိချင်သူများအတွက် ကျနော်က တင်ဆက်လိုက် ရပါတယ်ခင်ဗျာ..

 (၁) ပထမဆုံး အောက်မှာပေးထားတဲ့ Link လေးကနေ Yahoo mail account ထဲကို Log in လုပ်ရပါမယ် ၊ facebook နဲ့ Yahoo ဟာ နားလည်မှုယူပြီး service ချင်း ချိတ်ဆက်ထားလို့ ဖြစ်ပါတယ် ၊

 https://login.yahoo.com/config/login_verify2?.intl=us&.src=ym

Yahoo ID ရှိပြီးသားဆိုရင် ပိုအဆင်ပြေပါတယ် အခုလောလောဆယ်တော့ မရှိသေးဘူးလို့ သဘောထားပြီး ရေးသွားပါမယ် ၊ ပြီးမှ ID ရှိပြီးသားတွေ အတွက် အောက်နားမှာ အတိုချုပ်လေး ရေးပေးပါမယ် ၊ ID မရှိသေးတဲ့အတွက်..

 (၁) Sign in with facebook ကို နှိပ်ပါ ၊

 facebook ကို log in လုပ်တဲ့ စာမျက်နှာပေါ်လာမယ် ၊ facebook ထဲကို ၀င်လိုက်ပါ ၊


 (၂) Yahoo က ကျနော်တို့ရဲ့ public profile ထဲကို ၀င်ခွင့်တောင်းတဲ့ message လေးပေါ်လာမယ် ၊ Okay နှိပ်ပြီးခွင့်ပြုလိုက်ပါ ၊ နောက်ထပ် ပေါ်လာတဲ့ message ကိုလည်း Okay ကိုနှိပ်ပါ ၊


 (၃) Yahoo အတွက် ID နဲ့ password လေးရွေးပြီး continue ကိုနှိပ်ပါ ၊ Yahoo mail ထဲကိုရောက်သွားပါပြီ ၊ ( facebook ထဲက profile အချက်အလက်တွေကို ဆွဲယူသွားတဲ့အတွက် ID နဲ့ password ပဲ ရွေးရပါတော့တယ် )
 (၄) အပေါ်မှာ INBOX, CONTACTS, CALENDAR ဆိုတဲ့ tab သုံးခုရှိတဲ့အထဲက CONTACTS ကိုကလစ်လုပ်လိုက်ပါ ၊ import contact ကို ဆက်နှိပ်ပါ


 (၅) ဘယ်က contact တွေကို import လုပ်မလဲ ရွေးပေးရပါမယ် ၊ facebook icon လေးကို နှိပ်လိုက်ပါ


 (၆) Okay ကိုနှိပ်ပါ ၊ facebook ထဲက အဆက်အသွယ် contact တွေကို Yahoo ထဲကို ဆွဲယူနေပါပြီ ၊ ခဏကြာတဲ့အခါ ဆွဲယူပြီးသွားတဲ့ contact စာရင်းပေါ်လာပါလိမ့်မယ် ၊
 (၇) View import contacts ကိုနှိပ်လိုက်ပါ


 Facebook မှ သူငယ်ချင်းများ အားလုံးရဲ့ ID နဲ့အတူ Email များကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း တွေ့မြင်ရပါပြီ ။



Yahoo ID ရှိပြီးသူတွေ အတွက်ကတော့ (
(၁) Yahoo mail ထဲကိုဝင်ပါ
(၂) Contacts ကိုနှိပ်ပြီး import contacts ကိုနှိပ်ပါ
(၃) facebook icon ကိုရွေးပါ ၊
(၄) facebook account ထဲကို ၀င်ပေးလိုက်ပါ
(၅) View imported contacts ကိုနှိပ်ပါ ။

 Email တွေကို ကြည့်လို့ရပါပြီ ။

 အနှစ်ချုပ်အားဖြင့်ကတော့ facebook ထဲက အဆက်အသွယ်ရှိတဲ့ သူငယ်ချင်း contact တွေကို Yahoo Mail ထဲကို ဆွဲသွင်း ( import လုပ် ) ပြီး ကြည့်လို့ရပါတယ် .. အဲဒါပါပဲ ..

ကဲ ဒါဆိုရင် facebook ထဲမှာတွင်မကတော့ပဲနဲ့ Email လေးတွေနဲ့ပါ ဆက်သွယ်လို့ ရသွားပြီပေါ့ .. တချို့ကတော့ Email မပေးပဲနဲ့ ဘယ်လိုလုပ်ပြီး ရသလဲလို့ အဆန်းတကြယ် ဖြစ်နေကြပါလိမ့်မယ်

Website ၄၅ ခုရဲ့ ပို့စ်တွေကို App တစ်ခုတည်းနဲ့ ဖတ်နိုင်မယ့် HWH

Website ၄၅ ခုရဲ့ ပို့စ်တွေကို App တစ်ခုတည်းနဲ့ ဖတ်နိုင်မယ့် HWH v 2.2 ထွက်ပါပြီ



Website နဲ့ ဘလော့ပေါင်း (၄၅)ခုရဲ့ ပို့စ်တွေကို Android သုံးတဲ့ Device ပေါ်ကနေ တစ်ချက် ကလစ်လိုက်တာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်.. နည်းပညာ၊ ကျန်းမာရေး၊ သတင်း၊ သုတ စတဲ့ သုတ၊ ရသ စုံကို Update တစ်ချက်တည်းလုပ်ရုံနဲ့ ဖတ်နိုင်ပါပြီ.. စာမျက်နှာတွေကို website ကြည့်နေစရာမလိုပါဘူး.. update လုပ်ပြီး connection ကို ဖြတ်တောက်ပြီး Offline အနေနဲ့ ကြည့်နိုင်ပါတယ်.. ဒါဆို ပိုက်ဆံလည်းကုန်စရာမလိုတော့ဘူးပေါ့.. ကိုယ်မလိုချင်တဲ့ website တွေကိုလည်း ပယ်ဖျက်နိုင်ပါတယ်..
 မှတ်ချက်။    ။သတင်းစာမျက်နှာ များခြင်းကြောင့် သတင်းများ အ၀င်များပါမည်။ အချို့သတင်းများ ထပ်နိုင်ပါသည်။ Userအနေဖြင့် မနှစ်သက်သော သတင်းစာမျက်နှာကို ပယ်ဖျတ်ခြင်းပြုလုပ်နိုင်ပါသည်။App open>>> Source>>> သတင်းမ၀င်စေချင်တဲ့ သတင်းဌာနအမည်ကို ကြာကြာဖိ >>>Delete Feed.။
 ***သတင်းများ ဖတ်ပြီးတိုင်း Phone Option>>Delete All လုပ်ပေးပါရန်*** လို့ ဒီ app ကို ဖန်တီးတဲ့ Admin က အသိပေးထားပါတယ်..

HWH Version 2.2တွင် ပါရှိသော သတင်းစာမျက်နှာများ
……………………………………………………………………..
၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)
၂။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)
၃။ ဧရာဝတီ (သတင်းစာမျက်နှာ)
၎။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)
၅။ Opposite Eye (သတင်းစာမျက်နှာ)
၆။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)
၇။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)
၈။ ၀င်းကမ္ဘာကျော် (နည်းပညာ)
၉။ HWH မှ ပို့စာ (ဤ APPနှင့် ပတ်သက်၍ သတင်းပို့)
၁၀။ TechSpaceဂျာနယ် (နည်းပညာ)
၁၁။ နစ်နေမန်း (သတင်းစာမျက်နှာ)
၁၂။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)
၁၃။ ခေတ်လူငယ် (သတင်းစာမျက်နှာ)
၁၄။ Hot News Weekly (သတင်းဆောင်းပါး)
၁၅။ဒေါက်တာလွဏ်းဆွေ(သတင်းစာမျက်နှာ)
၁၆။ မိုးမခ (သတင်းစာမျက်နှာ)
၁၇။ ချစ်သူဆီသို့ (ခံစားချက် ရသ)
၁၈။သက်တန့်ချို( ရသစာပေများ)
၁၉။Nine Nine Sanay @ နိုင်းနိုင်းစနေ( ရသစာပေများ)
၂၀။ စနေဖြိုး {S@n@y Phyo}( ရသစာပေများ)
၂၁။ Heart Canteen( ရသစာပေများ)
၂၂။ The Voice Weekly(သတင်းစာမျက်နှာ)
၂၃။ Mizzima - News in Burmese(သတင်းစာမျက်နှာ)
၂၄။ CJMyanmar(သတင်းစာမျက်နှာ)
၂၅။88 Generation Students(88မျိုးဆက်ကျောင်းသားများ)
၂၆။ Burma VJ Media Network(သတင်းစာမျက်နှာ)
၂၇။ Freedom News Group(Burma) (သတင်းစာမျက်နှာ)
၂၈။ Myanmar journal download(အပတ်စဉ် ဂျာနယ်များDownloadဆွဲရန်)
၂၉။ Messenger News Journal(သတင်းစာမျက်နှာ)
၃၀။ Shwe Myitmakha Media Group(သတင်းစာမျက်နှာ)
၃၁။ ရဲဇာနည်(ပြည်ထဲရေးမှ ထုတ်ပြန်သော မူခင်းသတင်း)
၃၂။ News of Myanmar(သတင်းစာမျက်နှာ)
၃၃။ ITgroup(နည်းပညာ)
၃၄။BBC Burmese(သတင်းစာမျက်နှာ)
၃၅။ 7Day News Journal(သတင်းစာမျက်နှာ)
၃၆။ Voice Of America(VOA) (သတင်းစာမျက်နှာ)
၃၇ ။ RFA Burmese(သတင်းစာမျက်နှာ)
အသစ်ထပ်တိုး စာမျက်နှာများ
၃၈။ Aye Chan Mon (သတင်း+သုတ+ရသ)
၃၉။ Netguide Journal( နည်းပညာသတင်း)
၄၀။ Myanmar IT Helper( နည်းပညာ Blog)
၄၁။ Pyithu Hluttaw - ပြည်သူ့လွှတ်တော် (လွှတ်တော် သတင်းအဖြာဖြာ)
၄၂။ MM Android (Mobileဖုန်း နည်းပညာ)
၄၃။ Young Buddhist's Association (ဓမ္မ အဆုံးအမများ)
၄၄။ MMSD (Mobileဖုန်း နည်းပညာ)
၄၅။ မောင်ပေါက် (နည်းပညာ)

အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီခင်ဗျာ..

Download Links:

                                                       
  

                                                  သည်နေရာကနေ ကူးယူဖေါ်ပြသည်

အနိုင်နဲ့ပိုင်းတော့မယ့် ဘက်ခမ်း

အနိုင်နဲ့ပိုင်းတော့မယ့် ဘက်ခမ်း

အထင်ကရ ဘောလုံးသမားအဖြစ် နှစ်ပေါင်းအတန်ကြာ ရပ်တည်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း အနားယူပါတော့မယ်။
သူ့ကိုတော့ နိုင်ငံတကာမှာ အများအပြားက အမှတ်ရနေကြမှာပါ။

ဒီ ဘောလုံးရာသီပြီးရင် ဘောလုံးလောကထဲက နားတော့မယ်လို့ မနေ့က သူ ကြေညာခဲ့ပါတယ်။
သူက နိုင်ငံတကာဘောလုံးလောကမှာသာမက ဖက်ရှင်၊ စီးပွားရေးလောကမှာပါ ထင်ရှားသူတယောက်ပါ။
ကမ္ဘာ့ဖလားကို သုံးကြိမ် ဝင်ကန်ခဲ့၊ ပေါ်ပြူလာဖြစ်တဲ့ မော်ဒယ်တယောက်ကို လက်ထပ်ခဲ့၊ သူကိုယ်တိုင်လည်း ကြော်ငြာမော်ဒယ်တယောက် ဖြစ်ခဲ့သူပါ။

သူ့မိန်းမ ဗစ်တိုးရီးယားကလည်း နယ်ပယ် အတော်များများမှာ ထင်ပေါ်သူပါ။
လုပ်ငန်းရှင်၊ ဖက်ရှင်ဒီဇိုင်းဖန်တီးသူ၊ မော်ဒယ်၊ အဆိုတော် ဗစ်တိုးရီးယားဘက်ခမ်း ဖြစ်ပါတယ်။

အခု ကမ္ဘာကျော် ဘောသမား ဘက်ခမ်း အငြိမ်းစားယူမယ့် သတင်းက နိုင်ငံတကာသတင်းတွေမှာ ထိပ်တန်းမှာ ရှိနေဆဲပါ။

 လန်ဒန်မြို့ဇာတိ ဘက်ခမ်းက မန်ယူအသင်းမှာ စပြီး ကန်ခဲ့တယ်လို့ Reuters သတင်းဌာန သတင်းတပုဒ်မှာ ရေးပါတယ်။ အဲဒီအချိန်က သူ အသက် ၁၇ သားပါ။

အနားယူတော့မယ် ဆိုပေမယ့် သူ့အသက်က ၃၈ နှစ်ပဲ ရှိပါသေးတယ်။
ခါတိုင်းလို ဘောလုံးမကန်တော့ဘူး ဆိုတဲ့ ဘက်ခမ်းကြီးတယောက် ရုပ်သံကလာမယ့် ဘောလုံးပွဲတွေကြည့်ရင်း သူ့မိသားစုအတွက် အချိန်ပိုပေးနိုင်ဖွယ် ရှိပါတယ်။

by - ဧရာဝတီ

ကီးမလိုတဲ့ IDM 6.15 လေး

ဘာကီးမှမလိုတဲ့  (IDM 6.15) လေးပါ

                                               
ဒေါင်းလော့ ဆွဲရာမှာ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံးဆော့ဝဲလ်လေးဖြစ်ပါတယ်။
တော်တော်များများလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဘာကီးမှ ထဲ့ စရာမလိုတဲ့ ဆော့ဝဲလ် လေတင်ပေးလိုက်ပါတယ် အင်စတော လုပ်လိုက်ပြီးတာနဲ့  သုံးလို့ ရပါပြီ ........ အဆင်ပြေတာပေါ့နော်....... သုံးကြည့်လိုက်ပါဦး...............


 
 

Monday, May 20, 2013

မိမိဖုန်းရဲ့ တည်နေရာနဲ့ အင်တာနက် speed သိချင်သူများအတွက်

ဒီဆော့ဝဲလ်လေးက တော့ ဖုန်းကိုင်သူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်..ကိုယ်ဖုန်းအတွက် အကောင်းဆုံး carrier ကို ရှာဖွေနိုင်မှာဖြစ်သလို  မိမိဖုန်းရဲ့ တည်နေရာ၊ မိမိရောက်နေတဲ့နေရာကို ဖွင့်ကြည့်လိုက်ရုံနဲ့ မြန်မာလို ပါမြင်ရမှာဖြစ်ပါတယ် ..ဥပမာ ကျွန်တော် မကွေး ကိုရောက်နေတယ်ဆိုရင် မြေပုံကြည့်လိုက်တာနဲ့ မိမိရောက်တဲ့နေရာ ၊မိမိရှိနေတဲ့နေရာကို မြန်မာလို ဖော်ပြပေးမှာဖြစ်ပြီး  map view, satellite view ကြိုက်ရာရွေး ပြီး ကြည့်နိုင်မှာဖြစ်ပါတယ်..ဒါအပြင် မိမိဖုန်းရဲ့ အင်တာနက် speed ပါတိုင်းတာနိုင်မှာဖြစ်ပြီး နောက်ထပ် features အလန်းစားတွေ ပါရှိမယ့် ဆော့ဝဲလ် လေးဖြစ်ပါတယ် …အောက်မှာ download  ရယူနိုင်ပါတယ် ..

Credit -Myo Minn Thant (Myanmar Mobile App Store)

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger