Monday, June 10, 2013

မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး

မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး
             မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးချိန် (၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်) မှစ၍ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံအား အသိအမှတ်ပြုခဲ့ပြီး၊ ၁၉၅၉ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံမှ ပထမဆုံး ကိုယ်စားလှယ်အဖွဲ့သည် ကွာလာလမ်ပူမြို့၌ ရုံးဖွင့်ခဲ့ပါသည်။ ထို့နောက် သံရုံးအဆင့် တိုးမြှင့် ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ပထမဆုံး သံအမတ်ကြီးအား ရန်ကုန်မြို့သို့ စေလွှတ်၍ သံရုံးဖွင့်လှစ်ခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ သံတမန် ဆက်သွယ်မှု မှတ်တမ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (က)    သံတမန်အဆက်အသွှယ် စတင်ထူထောင်သည့်နေ့    -    ၁-၃-၁၉၅၈

(ခ)    မလေးရှားနိုင်ငံတွင် မြန်မာသံရုံး စတင်ဖွင့်လှစ်သည့်နေ့    -    ၄-၆-၁၉၅၉

(ဂ)    မြန်မာနိုင်ငံတွင် မလေးရှားသံရုံး စတင်ဖွင့်လှစ်သည့်နေ့    -    ၁၉၆၄ ခုနှစ်၊ ဖေဖော်ဝါရီလ

        မလေးရှားအစိုးရသည် MTCP ကို ၁၉၈၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီများအဖြစ် သင်တန်းများ၊ ပညာသင်ဆုများ၊ လေ့လာရေး ခရီးစဉ် များ၊ မလေးရှားအစိုးရအဖွဲ့အစည်းများသို့ တွဲဖက်ကာ လေ့လာသင်ယူစေသည့် အစီအစဉ်များကို သက်ဆိုင်ရာနိုင်ငံ၏ အစိုးရများမှ တစ်ဆင့် ပေးအပ်ပါသည်။ MTCP ၏ လူ့စွှမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်ကို မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် သင်တန်းပေါင်း (၅၀) ခန့် ပျမ်းမျှရရှိလျက် ရှိပါသည်။

ရင်းနှီးမြှုပ်နှံမှု
     မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၁ ခုနှစ်အထိ စာရင်းများအရ  မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅၅၁၈.၄၄၀ သန်းရှိသည့်အနက် မလေးရှားနိုင်ငံမှ ကုမ္ပဏ္ဏီ ၃၆ ခုမှ အမေရိကန်ဒေါ်လာ ၈၉၈.၃၄၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ တွင်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ အဆင့် ၇ နေရာတွင် ရှိပါသည်။ အဆိုပါပမာဏ္ဍသည်မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂.၅၃ % ခန့် ရှိပါသည် ။


0 comments to “မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger