Monday, June 3, 2013

ကျောင်းဝင် အသက်ကို ၆ နှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျက်ရှိ

အခြေခံပညာရေးစနစ်တွင် ကျောင်းဝင် အသက်ကို ၆ နှစ် ပြောင်းလဲ သတ်မှတ်ရန် စီစဉ်လျက်ရှိ


အာဆီယံနိုင်ငံများရဲ့ အခြေခံပညာရေး စနစ်နဲ့အညီ မြန်မာနိုင်ငံ အခြေခံပညာရေး စနစ်ကို ပြောင်းလဲရာမှာ ကလေးများရဲ့ ကျောင်းဝင် အသက်ကို ၆နှစ်ပြောင်းလဲ သတ်မှတ်ရန် စီစဉ်လျက်ရှိ တယ်လို့ သိရပါတယ်။ ဒီလို ပြောင်းလဲ သတ်မှတ်ရာမှာ အသက် ၆ နှစ်ပြည့်ပြီး မှသာ ကလေးများရဲ့ ဦးနှောက်၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ များဟာ ဖွံ့ဖြိုးမှု ပြည့်စုံ တာကြောင့် အသက် ၆ နှစ်မှာ အခြေခံပညာ သင်ရိုးညွှန်းတမ်းကို သင်ယူရန် အသင့်ဖြစ်ခြင်းနဲ့ သူငယ်တန်း သင်ရိုးညွှန်းတမ်း ကိုလည်း ကလေးများရဲ့ အသက်အရွယ်နှင့် စီလျော်အောင် ပြန်လည် ပြုပြင် ရေးဆွဲဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး အသက် ၅ နှစ်ခွဲ ကလေးများကို သူငယ်တန်းမှာ သင်ရိုးညွှန်းတမ်း အသစ်နဲ့သာ လက်ခံ ဆောင်ရွက်သင့်ကြောင်းနဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ပြီး သူငယ်တန်း ပြီးစီးခဲ့တဲ့ အသက် ၆ နှစ် ကလေးများကို Grade -1 တွင် လက်ခံ သင်ကြား သင့်တယ်လို့ သိရပါတယ်။

မူလတန်း အထက်အဆင့် Grade - 4 ၊  Grade -5 မှစတင်ပြီး အင်္ဂလိပ်စာကို သင်ကြား သင့်ကြောင်းနဲ့ မူလတန်း အောက်အဆင့် Grade- 1၊ Grade- 2 ၊ Grade- 3 တို့မှာ တိုင်းရင်းသား ဘာသာစကားကို သင်ကြား သင့်တယ်လို့ ဘက်စုံ လွှမ်းခြုံနိုင်တဲ့ ပညာကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း အဆင့် ၁ အချိန်တို အတွင်း အကဲဖြတ်ခြင်း အစီရင်ခံစာ မူကြမ်းမှ အကြုံပြု ထောက်ခံချက်များ အရ သတင်း ရရှိပါတယ်။
by - MRTV-4

0 comments to “ကျောင်းဝင် အသက်ကို ၆ နှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျက်ရှိ”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger