Tuesday, May 21, 2013

ကွန်ပြူတာက အချိန်တွေကို ပြောပြနေစေချင်တဲ့အခါ

နာရီတိုင်းမှာ ကွန်ပြူတာက အချိန်တွေကို ပြောပြနေစေချင်တဲ့အခါ 



တချို့သော တယ်လီဖုန်းတွေမှာ အချိန်နာရီ ပြောင်းသွားတိုင်း ဘယ်နှစ်နာရီ ထိုးပြီဆိုတာ ပြောပေးနေတဲ့ Function လေးတွေ ဖွင့်ထားတာကြတာ ကိုတွေ့ရပါတယ် ၊ အဲဒီလို လုပ်ဆောင်မှုမျိုးကို ကျနော်တို့ကွန်ပြူတာမှာ အလွယ်တကူ ဖန်တီး နိုင်တာ ကို တွေ့ရတဲ့အတွက် ထပ်ဆင့်ဝေမျှလိုက်ပါတယ် ။ ထူးဆန်း လန်းသစ်တဲ့ ဖန်တီးမှုလေးများကို ကိုယ်တိုင် ဖန်တီးပြီး ကျေနပ်ပျော်ရွှင်လိုတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ အတွက် ရည်ရွယ်ပါတယ်..


ပထမဦးဆုံးကတော့ ဟောဒီအောက်မှာပေးထားတဲ့ code လေးတွေကို Notepad လေးပေါ်ကူးတင်ပြီး .vbs ဖိုင်အဖြစ် နာမည်တစ်ခုခုနဲ့ save လုပ်လိုက်ပါ ၊ ဘယ်နေရာမှာ save ထားတယ် ဆိုတာကို မှတ်သားခဲ့ပါ ၊ time.vbs လို့ နာမည်ပေးပြီး save လိုက်တယ် ဆိုပါစို့ ..

Dim speaks, speech
speaks = "It is " & hour(time) & " O'clock"

Set speech = CreateObject("sapi.spvoice")
speech.Speak speaks



အဲဒီ time.vbs လေးကို double click လုပ်ပြီး စမ်းကြည့်ပါ ၊ အခုရှိနေတဲ့ နာရီကို ပြောပေးပါလိမ့်မယ် ၊ မိနစ်တွေကတော့ မပါဘူး ၊ သူ့ကို တစ်နာရီ တစ်နာရီ ပြောင်းသွားတိုင်း run အောင် လုပ်ပေးမှာဆိုတော့ နာရီကိုပဲပြောခိုင်းတာ ကောင်းပါတယ်.. 

ဒုတိယကတော့ အဲဒီ program လေးကို အချိန်ဇယားဆွဲပြီး နာရီတိုင်းပွင့်အောင် လုပ်ရပါလိမ့်မယ် (

(၁) Win key နဲ့ R ( Win + R ) ကိုတွဲရိုက် လိုက်တဲ့အခါ Run box လေးကျလာမယ် ၊
 အဲဒီမှာ Taskschd.msc လို့ရိုက်ပြီး Enter ခေါက်ပါ .. 
(Windows 7 မှာဆို Startmenu မှာပဲ ရိုက်ပြီး Enter ခေါက်လိုက်ရင်လည်း သွားပါတယ် ၊ Run ကိုခေါ်နေစရာ မလိုတော့ပါ )
Task Scheduler program ကိုခေါ်ထုတ်တဲ့ အဆင့် ဖြစ်ပါတယ် (

(၂) ပေါ်လာတဲ့ Task Scheduler ကနေ Action > Create task ကိုဖွင့်ပါ General tab ရဲ့အောက်မှာ ရှိနေမှာ ဖြစ်ပြီး Schedule ရဲ့ နာမည်ပေးပါ ၊ OK .. OK ကိုနှိပ်ပါ ၊
နာမည် သတ်မှတ်တဲ့ အဆင့် ၊ schedule တစ်ခု ဖန်တီးတဲ့အဆင့် ဖြစ်ပါတယ် ..




(၃.က) Trigger tab ကိုရွှေ့ပြီး New Trigger box ပေါ်လာမယ် ..

(၃.ခ) Start နဲ့တည့်တည့်မှာရှိတဲ့ Schedule စမယ့်အချိန်ကို နာရီအတိဖြစ်အောင်ချိန်လိုက်ပါ ၊ Repeat task every ရဲ့ရှေ့မှာ select လုပ်ပြီး one hour မှာထားပါ ၊ for a duration of ကို indefinitely ပြောင်းပြီး Ok နှိပ်ပါ
Schedule ကို အချိန်ဇယား ထည့်ပေးတဲ့ အဆင့်ဖြစ်ပါတယ်..


(၄) Action tab ကိုရွှေ့ပြီး New ကိုနှိပ်ပါ.. New action box လေးကျလာတဲ့အခါ browse ကိုနှိပ်ပြီး စောစောက save ထားတဲ့ time.vbs ဖိုင်လေးဆီကိုသွားလိုက်ပြီး open ကိုနှိပ်ပါ ၊ ok ကိုနှိပ်ပါ ဒီအဆင့်က လုပ်ဆောင်ရမယ့် အလုပ်တာဝန်လေးနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် .. ပြီးသွားတဲ့အခါ ok ကိုနှိပ်ပြီး အားလုံးပိတ်လိုက်ပါ ၊


 ပြီးသွားပါပြီ ။

ကွန်ပြူတာဖွင့်ပြီး သုံးနေစဉ်မှာ နာရီတိုင်း ကွန်ပြူတာက ဘယ်နှစ်နာရီ ထိုးပြီဆိုတာကို ပြောပေးနေမှာ ဖြစ်ပါတယ် ..

အသစ်အဆန်းလေးများနဲ့ ပျော်ရွှင်နိုင်ပါစေ..

0 comments to “ကွန်ပြူတာက အချိန်တွေကို ပြောပြနေစေချင်တဲ့အခါ”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger