Friday, May 17, 2013

မန်ယူပွဲ ကျပ် ၁၀၀၀ ဖြင့် ကြည့်နိုင်

မန်ယူပွဲ ကျပ် ၁၀၀၀ ဖြင့် ကြည့်နိုင်

ကွင်းဝင်ကြေးများအား ပြည်တွင်းတွင်လှူဒါန်းမည်

ကမ္ဘာကျော် မန်ယူအသင်းမှ ကစားသမားဟောင်းကြီးများနှင့် မြန်မာ့လက်ရွေးစင် အသင်းကြီးတို့ကစားမည့် ရန်ပုံငွေအားကစား ပြိုင်ပွဲအား အများပြည်သူများအနေဖြင့် ကွင်းဝင်ကြေး တစ်ဦးလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူ ကစားသမားဟောင်း များနှင့်ကစားမည့် ရန်ပုံငွေပွှဲနှင့် ပတ်သက်၍ ဧရာဝတီဖောင်ဒေး ရှင်းဥက္ကဌဦးဇော်ဇော်က ''ကွင်းဝင်ကြေးတွေနဲ့ Hotel Park Royal မှာ ညပိုင်းပြုလုပ်မယ့် ညစာစားပွဲကနေ ရလာမယ့် ငွေကြေးအကုန်လုံးကို ရန်ကုန်မြို့ရှိ သီတဂူ မျက်စိဆေးရုံ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်နဲ့ သုခရိပ်မြုံမိဘမဲ့ဂေဟာတွေကို လှူဒါန်းသွားမှာပါ။ အမေရိကန် ဒေါ်လာ ၃၀၀၀၀ အနိမ့်ဆုံး လှူဒါန်းသွား မယ်။ ကျွန်တော်တစ်ဦးတည်းလှူဒါန်းတာထက် ပရိသတ်တွေရဲ့ အလှူလည်းပါဝင်စေချင်လို့ ဒီလိုပွဲမျိုးကို ပါဝင် လှူဒါန်းစချင်တဲ့ ဆန္ဒရှိတဲ့ အတွက်ကြောင့် ဒီပွဲလေး ကိုစီစဉ်ဖြစ်တာပါ''ဟု ပြောခဲ့သည်။

အဆိုပါပွဲကို ဇွန် ၉ ရက် ညနေ ၄နာရီတွှင် မြန်မာ့လက်ရွေးစင်အသင်းကြီးနှင့် ကမ္ဘာကျော်မန်ယူအသင်းမှ ကစားသမားကြီး အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေတွန်ဘလက်မိုးရ်နှင့် လီရှက်ဖ်တို့ ပါဝင်ကစားမည်ဖြစ်ပြီး ကစားသမားဟောင်းများဘက်မှ မြန်မာနေရှင်နယ် ကလပ်များတွင် ပါဝင်ကစားနေသည့် နိုင်ငံခြားသားများက ၀င်ရောက်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို မိနစ် ၃၀ နှစ်ပိုင်း ခွဲကစား သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ပုံငွေပွဲမှ ရရှိလာမည့်ဝင်ငွေများကို လှူဒါန်းသွား မည်ဖြစ်သည်။ မန်ယူကစားသမားများ၏ မြန်မာပြည်လာရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို ယခုစီစဉ်သည့် အဖွဲ့အစည်းသုံးခုမှ အကုန်အကျခံ သွားမည် ဖြစ်သည်။

credit - မင်းသန့် ၊ ညီသစ်လူ

0 comments to “မန်ယူပွဲ ကျပ် ၁၀၀၀ ဖြင့် ကြည့်နိုင်”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger