Friday, May 10, 2013

အွန်လိုင်းပေါ်မှာ ဓါတ်ပုံလှလှလေးတွေ ဖန်တီးချင်သူများအတွက်

အွန်လိုင်းပေါ်မှာ ဓါတ်ပုံလှလှလေးတွေ ဖန်တီးချင်သူများအတွက်


ဒါလေးကတော့ အွန်လိုင်းပေါ်မှာ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ဒီဇိုင်းဆန်းဆန်းလှလှလေးတွေနဲ့ ဖန်တီးချင်တဲ့ ညီအစ်ကိုမောင်နှမများ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။ ကျနော်သိတဲ့ ဝဘ်ဆိုဒ် လေးနှစ်ခုရှိပါတယ်..။ နှစ်ခုစလုံးမှာ မတူညီတဲ့ ဓါတ်ပုံ ဖရိန်လေးတွေ တော်တော်များများ ပါပါတယ်...။ အဲဒီဆိုဒ်လေးတွေမှာ မိမိတို့ရဲ့ ပုံလေးတွေကို ဆွဲတင်ပြီး လိုသလိုပြုပြင်ယူနိုင်ပါတယ်..။ နှစ်ခုစလုံး လုပ်ပုံလုပ်နည်း တူပါတယ်..။ ဒီမှာတော့ ကျနော်က ဆိုဒ်တစ်ခုကို လုပ်ပြထားပါတယ်.. အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ အရင်ဆုံး အောက်ကလင့် နှစ်ခုကနေ ၄င်းဆိုဒ်များသို့ ဝင်သွားလိုက်ပါ..။


http://www.photofacefun.com
http://photofunia.com/

အပေါ်ဆုံးပုံမှာ အနီဝိုင်းပြထားတဲ့ ပုံဖရိန်လေးကို လုပ်ပြမှာပါ..။ ဒါကြောင့် ဝိုင်းပြထားတဲ့ ပုံလေးကို အရင်ကလစ်လိုက်ပါတယ်..။ ပြီးရင်တော့ ဒီအောက်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်... အနီဝိုင်းပြထားတဲ့ နေရာများကို ကလစ်သွားလိုက်ပါ...


အောက်ကပုံကတော့ မိမိတို့ထည့်ချင်တဲ့ပုံကို သွားရွေးပေးလိုက်ပါ..



အောက်ကပုံအတိုင်းပေါ်လာတဲ့အခါ... မိမိတို့ စိတ်ကြိုက်ဖြစ်ပြီဆိုရင် Download ကိုနှိပ်ပြီး မိမိတို့ရဲ့ ကွန်ပျူတာထဲမှာ သိမ်းလိုက်လို့ ရပါပြီ..


ဒီအောက်မှာတော့ ကျနော်သိမ်းလိုက်တဲ့ ပုံလေးပါ..


အားလုံးပဲ ဓါတ်ပုံလှလှလေးများ ပြုလုပ်နိုင်ကြပါစေ ....

0 comments to “အွန်လိုင်းပေါ်မှာ ဓါတ်ပုံလှလှလေးတွေ ဖန်တီးချင်သူများအတွက် ”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger