Tuesday, May 21, 2013

Facebook ထဲက သူငယ်ချင်းရဲ့ Email သိချင်သူများအတွက်

Facebook ထဲက သူငယ်ချင်းရဲ့ Email ၊ မမေးပဲနဲ့ သိချင်သူများအတွက်

တချို့တွေကျတော့ facebook ထဲက သူငယ်ချင်းကို facebook ထဲကနေပဲ message တွေပို့ပေးတာထက်ပိုပြီး email account လေး ဘာလေး သိချင်လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ၊ facebook ထဲမှာ မြစ်ဖျားခံသွားတဲ့ ဇတ်လမ်းကောင်း လေးတွေလည်း ဟိုနားဒီနား ကြားဖူးနေကြတယ် မဟုတ်လား ၊ နည်းပညာ ဗဟုသုတ အတွက်ပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ် သိချင်သူများအတွက် ကျနော်က တင်ဆက်လိုက် ရပါတယ်ခင်ဗျာ..

 (၁) ပထမဆုံး အောက်မှာပေးထားတဲ့ Link လေးကနေ Yahoo mail account ထဲကို Log in လုပ်ရပါမယ် ၊ facebook နဲ့ Yahoo ဟာ နားလည်မှုယူပြီး service ချင်း ချိတ်ဆက်ထားလို့ ဖြစ်ပါတယ် ၊

 https://login.yahoo.com/config/login_verify2?.intl=us&.src=ym

Yahoo ID ရှိပြီးသားဆိုရင် ပိုအဆင်ပြေပါတယ် အခုလောလောဆယ်တော့ မရှိသေးဘူးလို့ သဘောထားပြီး ရေးသွားပါမယ် ၊ ပြီးမှ ID ရှိပြီးသားတွေ အတွက် အောက်နားမှာ အတိုချုပ်လေး ရေးပေးပါမယ် ၊ ID မရှိသေးတဲ့အတွက်..

 (၁) Sign in with facebook ကို နှိပ်ပါ ၊

 facebook ကို log in လုပ်တဲ့ စာမျက်နှာပေါ်လာမယ် ၊ facebook ထဲကို ၀င်လိုက်ပါ ၊


 (၂) Yahoo က ကျနော်တို့ရဲ့ public profile ထဲကို ၀င်ခွင့်တောင်းတဲ့ message လေးပေါ်လာမယ် ၊ Okay နှိပ်ပြီးခွင့်ပြုလိုက်ပါ ၊ နောက်ထပ် ပေါ်လာတဲ့ message ကိုလည်း Okay ကိုနှိပ်ပါ ၊


 (၃) Yahoo အတွက် ID နဲ့ password လေးရွေးပြီး continue ကိုနှိပ်ပါ ၊ Yahoo mail ထဲကိုရောက်သွားပါပြီ ၊ ( facebook ထဲက profile အချက်အလက်တွေကို ဆွဲယူသွားတဲ့အတွက် ID နဲ့ password ပဲ ရွေးရပါတော့တယ် )
 (၄) အပေါ်မှာ INBOX, CONTACTS, CALENDAR ဆိုတဲ့ tab သုံးခုရှိတဲ့အထဲက CONTACTS ကိုကလစ်လုပ်လိုက်ပါ ၊ import contact ကို ဆက်နှိပ်ပါ


 (၅) ဘယ်က contact တွေကို import လုပ်မလဲ ရွေးပေးရပါမယ် ၊ facebook icon လေးကို နှိပ်လိုက်ပါ


 (၆) Okay ကိုနှိပ်ပါ ၊ facebook ထဲက အဆက်အသွယ် contact တွေကို Yahoo ထဲကို ဆွဲယူနေပါပြီ ၊ ခဏကြာတဲ့အခါ ဆွဲယူပြီးသွားတဲ့ contact စာရင်းပေါ်လာပါလိမ့်မယ် ၊
 (၇) View import contacts ကိုနှိပ်လိုက်ပါ


 Facebook မှ သူငယ်ချင်းများ အားလုံးရဲ့ ID နဲ့အတူ Email များကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း တွေ့မြင်ရပါပြီ ။



Yahoo ID ရှိပြီးသူတွေ အတွက်ကတော့ (
(၁) Yahoo mail ထဲကိုဝင်ပါ
(၂) Contacts ကိုနှိပ်ပြီး import contacts ကိုနှိပ်ပါ
(၃) facebook icon ကိုရွေးပါ ၊
(၄) facebook account ထဲကို ၀င်ပေးလိုက်ပါ
(၅) View imported contacts ကိုနှိပ်ပါ ။

 Email တွေကို ကြည့်လို့ရပါပြီ ။

 အနှစ်ချုပ်အားဖြင့်ကတော့ facebook ထဲက အဆက်အသွယ်ရှိတဲ့ သူငယ်ချင်း contact တွေကို Yahoo Mail ထဲကို ဆွဲသွင်း ( import လုပ် ) ပြီး ကြည့်လို့ရပါတယ် .. အဲဒါပါပဲ ..

ကဲ ဒါဆိုရင် facebook ထဲမှာတွင်မကတော့ပဲနဲ့ Email လေးတွေနဲ့ပါ ဆက်သွယ်လို့ ရသွားပြီပေါ့ .. တချို့ကတော့ Email မပေးပဲနဲ့ ဘယ်လိုလုပ်ပြီး ရသလဲလို့ အဆန်းတကြယ် ဖြစ်နေကြပါလိမ့်မယ်

0 comments to “Facebook ထဲက သူငယ်ချင်းရဲ့ Email သိချင်သူများအတွက် ”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger