Monday, June 10, 2013

Android ဖုန်းက Data တွေကို ပြည်လည် ဆယ်ယူပေးမဲ့ Android Data Recovery

Android Data Recovery

ခုဖော်ပြပေးမဲ့ဆော့ဝဲလ်လေးကတော့ အသုံးပြုရလွယ်ကူပြီး မိမိတို့ရဲ့ Android ဖုန်းပေါ်က Data တွေကို ပြည်လည် ဆည်ယူပေးမဲ့ Data Recovery ဆော့ဝဲလ်လေးပါ။ မှား ဖျက်မိတဲ့ သီချင်းတွေ ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကို recovery လုပ်နိုင်ပါတယ်။ recovery scand လုပ်ပြီး တဲ့အခါမှာလည်း preview လေးအနေနဲ့လည်း ကြည့်ရှု့နိုင်ပါတယ်။ အထောက်အပံ့ပေးနိုင်တာတွေကတော့
Deleted , Formatted လုပ်မိလို့ ဆုံးရှုံးသွားတဲ့ဖိုင်တွေကိုတော့ အပြည့်အ၀ အထောက်အကူပြုပေးမှာပါ။
နောက်ပြီး Deleted ,Factory reset ကိုလည်း အထောက်အကူပေးနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ အသုံးပြုလို့ အဆင်ပြေစေမဲ့ဆော့ဝဲလ်လေးမို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ မူရင်းဆိုက်က လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် အောက်ကလိပ်စာလေးမှ လေ့လာနိုင်ပါတယ်ခင်ဗျာ။

Download>>>http://bluenavyblog.blogspot.com/2013/06/android-data-recovery.html
ခုဖော်ပြပေးမဲ့ဆော့ဝဲလ်လေးကတော့ အသုံးပြုရလွယ်ကူပြီး မိမိတို့ရဲ့ Android ဖုန်းက Data တွေကို ပြည်လည် ဆယ်ယူပေးမဲ့ Data Recovery ဆော့ဝဲလ်လေးပါ။ မှား ဖျက်မိတဲ့ သီချင်းတွေ ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကို recovery လုပ်နိုင်ပါတယ်။ recovery scand လုပ်ပြီး တဲ့အခါမှာလည်း preview လေးအနေနဲ့လည်း ကြည့်ရှု့နိုင်ပါတယ်။ အထောက်အပံ့ပေးနိုင်တာတွေကတော့
Deleted , Formatted လုပ်မိလို့ ဆုံးရှုံးသွားတဲ့ဖိုင်တွေကိုတော့ အပြည့်အ၀ အထောက်အကူပြုပေးမှာပါ။
နောက်ပြီး Deleted ,Factory reset ကိုလည်း အထောက်အကူပေးနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ အသုံးပြုလို့ အဆင်ပြေစေမဲ့ဆော့ဝဲလ်လေးမို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ 
ဒီမှာဒေါင်းပါ ..... http://www.mediafire.com/download/zsm8olec388tvzo/P.A.D.R..7z
 
မူရင်းဆိုက်က လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် အောက်ကလိပ်စာလေးမှ လေ့လာနိုင်ပါတယ်ခင်ဗျာ။

မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး

မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး
             မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးချိန် (၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်) မှစ၍ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံအား အသိအမှတ်ပြုခဲ့ပြီး၊ ၁၉၅၉ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံမှ ပထမဆုံး ကိုယ်စားလှယ်အဖွဲ့သည် ကွာလာလမ်ပူမြို့၌ ရုံးဖွင့်ခဲ့ပါသည်။ ထို့နောက် သံရုံးအဆင့် တိုးမြှင့် ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ပထမဆုံး သံအမတ်ကြီးအား ရန်ကုန်မြို့သို့ စေလွှတ်၍ သံရုံးဖွင့်လှစ်ခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ သံတမန် ဆက်သွယ်မှု မှတ်တမ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (က)    သံတမန်အဆက်အသွှယ် စတင်ထူထောင်သည့်နေ့    -    ၁-၃-၁၉၅၈

(ခ)    မလေးရှားနိုင်ငံတွင် မြန်မာသံရုံး စတင်ဖွင့်လှစ်သည့်နေ့    -    ၄-၆-၁၉၅၉

(ဂ)    မြန်မာနိုင်ငံတွင် မလေးရှားသံရုံး စတင်ဖွင့်လှစ်သည့်နေ့    -    ၁၉၆၄ ခုနှစ်၊ ဖေဖော်ဝါရီလ

        မလေးရှားအစိုးရသည် MTCP ကို ၁၉၈၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီများအဖြစ် သင်တန်းများ၊ ပညာသင်ဆုများ၊ လေ့လာရေး ခရီးစဉ် များ၊ မလေးရှားအစိုးရအဖွဲ့အစည်းများသို့ တွဲဖက်ကာ လေ့လာသင်ယူစေသည့် အစီအစဉ်များကို သက်ဆိုင်ရာနိုင်ငံ၏ အစိုးရများမှ တစ်ဆင့် ပေးအပ်ပါသည်။ MTCP ၏ လူ့စွှမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်ကို မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် သင်တန်းပေါင်း (၅၀) ခန့် ပျမ်းမျှရရှိလျက် ရှိပါသည်။

ရင်းနှီးမြှုပ်နှံမှု
     မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၁ ခုနှစ်အထိ စာရင်းများအရ  မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅၅၁၈.၄၄၀ သန်းရှိသည့်အနက် မလေးရှားနိုင်ငံမှ ကုမ္ပဏ္ဏီ ၃၆ ခုမှ အမေရိကန်ဒေါ်လာ ၈၉၈.၃၄၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ တွင်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ အဆင့် ၇ နေရာတွင် ရှိပါသည်။ အဆိုပါပမာဏ္ဍသည်မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂.၅၃ % ခန့် ရှိပါသည် ။


Tuesday, June 4, 2013

ရသစုံအောင်လံမဂ္ဂဇင်း - 2013 ခုနှစ် PDF

ရသစုံအောင်လံမဂ္ဂဇင်း - 2013 ခုနှစ် PDF

ဖတ်ရှုလိုသူများ အောက်ပါလင့်တွင် ဒေါင်းယူ ပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်....

https://docs.google.com/uc?id=0BzKRVjrtp5rHcktGaVN4Sy1QZ0E&export=download

Monday, June 3, 2013

ကျောင်းဝင် အသက်ကို ၆ နှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျက်ရှိ

အခြေခံပညာရေးစနစ်တွင် ကျောင်းဝင် အသက်ကို ၆ နှစ် ပြောင်းလဲ သတ်မှတ်ရန် စီစဉ်လျက်ရှိ


အာဆီယံနိုင်ငံများရဲ့ အခြေခံပညာရေး စနစ်နဲ့အညီ မြန်မာနိုင်ငံ အခြေခံပညာရေး စနစ်ကို ပြောင်းလဲရာမှာ ကလေးများရဲ့ ကျောင်းဝင် အသက်ကို ၆နှစ်ပြောင်းလဲ သတ်မှတ်ရန် စီစဉ်လျက်ရှိ တယ်လို့ သိရပါတယ်။ ဒီလို ပြောင်းလဲ သတ်မှတ်ရာမှာ အသက် ၆ နှစ်ပြည့်ပြီး မှသာ ကလေးများရဲ့ ဦးနှောက်၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ များဟာ ဖွံ့ဖြိုးမှု ပြည့်စုံ တာကြောင့် အသက် ၆ နှစ်မှာ အခြေခံပညာ သင်ရိုးညွှန်းတမ်းကို သင်ယူရန် အသင့်ဖြစ်ခြင်းနဲ့ သူငယ်တန်း သင်ရိုးညွှန်းတမ်း ကိုလည်း ကလေးများရဲ့ အသက်အရွယ်နှင့် စီလျော်အောင် ပြန်လည် ပြုပြင် ရေးဆွဲဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး အသက် ၅ နှစ်ခွဲ ကလေးများကို သူငယ်တန်းမှာ သင်ရိုးညွှန်းတမ်း အသစ်နဲ့သာ လက်ခံ ဆောင်ရွက်သင့်ကြောင်းနဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ပြီး သူငယ်တန်း ပြီးစီးခဲ့တဲ့ အသက် ၆ နှစ် ကလေးများကို Grade -1 တွင် လက်ခံ သင်ကြား သင့်တယ်လို့ သိရပါတယ်။

မူလတန်း အထက်အဆင့် Grade - 4 ၊  Grade -5 မှစတင်ပြီး အင်္ဂလိပ်စာကို သင်ကြား သင့်ကြောင်းနဲ့ မူလတန်း အောက်အဆင့် Grade- 1၊ Grade- 2 ၊ Grade- 3 တို့မှာ တိုင်းရင်းသား ဘာသာစကားကို သင်ကြား သင့်တယ်လို့ ဘက်စုံ လွှမ်းခြုံနိုင်တဲ့ ပညာကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း အဆင့် ၁ အချိန်တို အတွင်း အကဲဖြတ်ခြင်း အစီရင်ခံစာ မူကြမ်းမှ အကြုံပြု ထောက်ခံချက်များ အရ သတင်း ရရှိပါတယ်။
by - MRTV-4

Saturday, June 1, 2013

ရွှေပြောင်ပြောင်ဘုရားသမိုင်း(pdf)

ရွှေပြောင်ပြောင်ဘုရားသမိုင်း ကို pdf အနေနဲ့ ဖတ်ချင်သူများအတွက် ...........



 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger