Thursday, May 30, 2013

ဆရာ ဦးသိန်းဆိုင်ရဲ့ အရမ်းနှစ်သက်မိတဲ့ ကဗျာကောင်းလေးပါ........

-------အသင်--------?

ထိုပင်ငုတ်တို

ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ

ခြအုံလည်းဖြစ် 


ဓားထစ်လည်းခံ

နေလျှံလည်းတိုက်

လေပြင်းခိုက်လျှက်

မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ

ရွက်သစ်ဝေ၍

လေပြည်ထဲတွင်ငယ်ရုပ်ဆင်သည်


အသင်--------------

ယောင်္ကျားကောင်းတကား------------------။

မြန်မာ ဂျာနယ်များ ဒေါင်းရန်

မြန်မာ ဂျာနယ်များ ဒေါင်းရန်


စာဖတ်ဝါသနာပါသူများအတွက် မြန်မာ ဂျာနယ်များ ကို ဒေါင်းလော့ ရနိုင်တဲ့ ဆိုဒ်လေးတစ်ခုကို
လမ်းညွန့်လိုက်ပါတယ်.... အပေါ်မှာဖော်ပြထားတဲ့ ဂျာနယ် တွေကို အပတ်စဉ်Update တွေကိုဒေါင်းလော့ ရယူနိုင်ပါတယ်
ဒီနေရာလေးမှာ သွားရောက် ဒေါင်းယူနိုင်တယ်

Wednesday, May 29, 2013

ဘလော့သို့ ကြွလာ မိတ်သဟာများ ကြိုက်နှစ်သက်ရာ သုံးဆောင်သွားကြပါ.............










မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန်း

Myanmar News Update's photo.
အရမ်းကို လေးစားဖို့ကောင်းပါတယ် မြန်မာ အမျိုးသမီးဆိုတာ ........

မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန
၁၉၅၄ ခုနှစ်တုန်းက (ဒေါ်)၀င်းမင်းသန်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ
Miss Universe ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
အဲဒီပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် Purple Plain ဆိုတဲ့ မြန်မာနိုင်ငံကို နောက်ခံထားရိုက်တဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ မင်းသမီးဖြစ်ခဲ့တယ်။
ဟောလိဝုဒ်ရဲ့ ပထမဆုံးသော မြန်မာအမျိုးသမီးသရုပ်ဆောင်အဖြစ်နဲ့ပေါ့။.........
... ထူးခြားတာလေး တစ်ခုကို ပြောပြချင်ပါတယ်။
ဟောလိဝုဒ်မှာ နာမည်ကျော် မင်းသမီးဖြစ်တဲ့တဲ့ (ဒေါ်)၀င်းမင်းသန်းဟာ မလုံတလုံအ၀တ်အစားနဲ့ ကိုယ်လုံးအလှပြရမယ့် ရေချိုးတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့တော့ မြန်မာအမျိုးသမီးပီသစွာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုခေတ် .. တောမရောက် တောင်မရောက် မင်းသမီးမမတွေနဲ့များ ဂုဏ်သရေကွာခြားလှချည်ရဲ့လို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ

ဆရာတော် Ven Sujana စာမျက်နှာမှကူးယူဖော်ပြပါတယ်....
အရမ်းကို လေးစားဖို့ကောင်းပါတယ် မြန်မာ အမျိုးသမီးဆိုတာ ........

မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန်း
၁၉၅၄ ခုနှစ်တုန်းက (ဒေါ်)၀င်းမင်းသန်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ
Miss Universe ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
အဲဒီပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် Purple Plain ဆိုတဲ့ မြန်မာနိုင်ငံကို နောက်ခံထားရိုက်တဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ မင်းသမီးဖြစ်ခဲ့တယ်။
ဟောလိဝုဒ်ရဲ့ ပထမဆုံးသော မြန်မာအမျိုးသမီးသရုပ်ဆောင်အဖြစ်နဲ့ပေါ့။.........
... ထူးခြားတာလေး တစ်ခုကို ပြောပြချင်ပါတယ်။
ဟောလိဝုဒ်မှာ နာမည်ကျော် မင်းသမီးဖြစ်တဲ့တဲ့ (ဒေါ်)၀င်းမင်းသန်းဟာ မလုံတလုံအ၀တ်အစားနဲ့ ကိုယ်လုံးအလှပြရမယ့် ရေချိုးတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့တော့ မြန်မာအမျိုးသမီးပီသစွာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုခေတ် .. တောမရောက် တောင်မရောက် မင်းသမီးမမတွေနဲ့များ ဂုဏ်သရေကွာခြားလှချည်ရဲ့လို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ

ဆရာတော် Ven Sujana စာမျက်နှာမှကူးယူဖော်ပြပါတယ်....

Tuesday, May 28, 2013

ကိုးန၀င်း မိုးလင်းမှသိမယ်

ကိုးနဝင်းအဓိဌာန်ပုတီးစိတ်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ကိုးန၀င်း (9NaWim) လို့ခေါ်တဲ့ Android ဖုန်း application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကိုးန၀င်းပုတီးစိပ်နည်းနဲ့ပတ်သက်ပြီး မိမိ ဘယ်နေ့မှာ ဘာဂုဏ်တော်ကိုစိပ်ရမယ်ဆိုတာကို ဒီဆော့ဝဲလေးကညွှန်ကြားပေးမှာဖြစ်ပါတယ်။ ကိုးန၀င်းပုတီးစိပ်လက်စ သူတွေအတွက်လည်း ရောက်လက်စ အဆင့် နဲ့ နေ့ကို ဆော့ဝဲထဲမှာထည့်လိုက်တာနဲ့ဘာဆက်စိပ်ရမယ်ဆိုတာကို ဆော့ဝဲက ပြောပြပေးပါလိမ့်မယ်။ ကိုးန၀င်း Android application လေးကိုရေးသားသူကတော့ Developer ကိုပြည့်ဖြိုးရှိန် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် Android ဖုန်းပိုင်ရှင်တွေအတွက် ရှိထားသင့်တဲ့ မြန်မာ application လေးတစ်ခုပါ။ ကိုးန၀င်း (9NaWim) v1.1.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download Here:

Mirror link:
ကိုးန၀င်း (9NaWim) v1.1.2 for Android (Link 1)
ကိုးန၀င်း (9NaWim) v1.1.2 for Android (Link 2)



Credit - သက်နိုင်စိုး(Myanmar Mobile App)

Monday, May 27, 2013

ဖုန်းအတွက် မြန်မာဖောင့်များ

ဆိုဒ်ကြီးတဲ့ ဖိုင်တွေကို ပို့ချင်ရင်

လွယ်ကူလျင်မြန်တဲ့ mail ပို့နည်းလေးပါ

ဖိုင်ဆိုဒ် 100 MB to 1GB အထိ ဆိုဒ်ကြီးတဲ့ ဖိုင်တွေကို ပို့ချင်ရင် ပုံမှန် gmail < compose mail > attach a file နဲ့ ဆိုရင် တော်တော် ကြာပါလိမ့်မယ် (ဆိုဒ်ပေါ်မူတည်ပြီး)။ ဒီတော့ ကျွန်တော် ပို့နည်း အသစ်တခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီပို့ နည်းကတော့ ပို့ ချင်တဲ့ဖိုင်ကို upload လုပ်ပြီး link ကိုပဲကိုပေးချင်တဲ့သူဆီကို ပေးရတဲ့ ပုံစံပါ။ ဒီတော့ ကိုယ်ပေးချင်တဲ့သူအနေနဲ့  download တော့ဆွဲ ရလိမ့်မယ်။ ဒါပေမဲ့ မကြာပါဘူး။ အောက်က link လေးတွေ ကနေ upload တင်ပြီး ပို့နိုင်ပါတယ်ဗျာ...........

http://www.mailbigfile.com/
http://www.sizablesend.com/
http://www.yousendit.com/
http://www.megaupload.com/
http://www.zupload.com/
http://www.dropsend.com/
http://www.leapfile.com/
http://www.mediamax.com/
www.orbitfiles.com
www.drivehq.com
www.flipdrive.com
www.xdrive.com
 

ကမ္ဘာ့အကောင်းဆုံး Game Download Websites များ



ယနေ့ခေတ် IT ကမ္ဘာက လူငယ်များအတွက်ကတော့ Game ဆိုတာဟာ ပြောစရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်နေတဲ့ အသည်းစွဲပါ။ X Box, Wii Game, Sony, Apple i-pod, Apple i-pad စတဲ့ Digital Device မျိုးစုံနဲ့။ Gamming Adventure တွေကြားမှာ မွေးဖွားလာကြတဲ့ Digital Generation လူငယ်များအတွက် ဒီတစ်လ Inernet Travelling ကဏ္ဍမှာ Internet ပေါ်က ကမ္ဘာ့အကောင်းဆုံး Free Game Download Website များကို တင်ပြပေးလိုက်ပါတယ်။ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အင်တာနက်ပေါ်မှာရှိတဲ့ content မှန်သမျှကို Provide လုပ်ပေးနေ တဲ့ Leading Internet Content Provider ဖြစ်တဲ့ Yahoo! Website ဟာ Free Game Download နဲ့ ပတ်သက်ပြီးတော့လည်း ကမ္ဘာ့အကောင်း ဆုံး Website တစ်ခုပါတဲ့။ ဒီဆိုဒ်ပေါ်မှာ Free Game မျိုးစုံသာမက Puzzle Game, Card game စတဲ့ Paper Based Game မျိုးစုံကိုလည်း Download ရယူနိုင်ပါသတဲ့။
ဒီဆိုက်မှာလည်း Game နဲ့ ပတ်သက်တဲ့ Review (သုံးသပ်ချက်) တွေ၊ News Releases တွေ၊ Special Passwords တွေ စတဲ့ Gamming Services တွေအားလုံးကို ရနိုင်တဲ့ အပြင် PC, PS2, PS 3, XBOX, PSP, GBA, DS, Mobile, WII, MMPOG စတဲ့ Devices အစုံအလင်အတွက် Game ပေါင်းစုံကို တစ်နေရာထဲမှာ Download ရနိုင်တဲ့အတွက် PC Gammer တွေ အထူးအကြိုက်တွေ့ မယ့် Website တစ်ခုပါ။
ဒီ Site မှာလည်း gamezone တုန်းကလိုပဲ device အစုံအတွက် Game Download ရယူနိုင်တဲ့ အပြင် ထူးထူးခြားခြား i-phone တွေ i-pad တွေအတွက်လည်း ထိတွေ့ခံစားမှုနဲ့ ဆော့လို့ရတဲ့ Touch Game တွေ Download ရယူလို့ရပါတယ်။ နောက် ဒီ Site ပေါ်မှာ Game နဲ့ ပတ်သက် တဲ့ Latest Headlines တွေကိုလည်း ဖတ်ရှုလို့ ရပါသေးတယ်။
ဒီ Site ကို ၀င်ဖို့ကတော့ User Name, Password ပါတဲ့ Account တစ်ခု ဖန်တီးဖို့ ပထမဆုံး လိုပါ တယ်။ ဒီ Site မှာလည်း Game မျိုးစုံ ကို Free Download ရနိုင်တဲ့အပြင် ထူးခြားတာက။ Gamming နဲ့ သက် ဆိုင်တဲ့ Technology Fourm တွေမှာ လည်း ၀င်ရောက် ဆွေးနွေးပြီး အသိပညာ ဖလှယ်နိုင်ပါသေးတယ်။
Online လောကရဲ့ နာမည် ကြီး msn ရဲ့ msn games site မှာ လည်း startegy, Action စတဲ့ High Definition, High Graphic Game မျိုးစုံ ကို Download ရယူနိုင်ပါတယ်။
ဒီ Site မှာလည်း Game မျိုး စုံ၊ Game နဲ့ ပတ်သက်တဲ့ Review မျိုးစုံ၊ Guide မျိုးစုံကို Download ရယူ နိုင်ပြီး ထူးခြားတာက Religion's Role in Gamming တို့လိုမျိုး ထူးခြားတဲ့ Topic ကလေးတွေကို ဒီ Site ပေါ် မှာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးတယ်။
ဒီ site ကတော့ Free Game Download နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ဒုတိယအကောင်းဆုံး Web-site တစ်ခုပါ။ ဒီဆိုဒ်ရဲ့ Home Page မှာ Selection Popular Games တွေကို Download ဆွဲလို့ ရသလို၊ Website တစ်ခု ဖန်တီးဖို့အတွက် Free Hosting, 300 Free templates, Free Homepage စတာတွေကိုလည်း Download ရယူနိုင်ကြပါတယ်။ ဒါ့ အပြင် သူ့ဆီမှာလည်း Arcad Games, Card Games, Puzzles, Sports Games, Word Games အစုံ အလင်ကိုလည်း Free Download ရ ပါသေးတယ်။
ဒါကတော့ ခုနက ကမ္ဘာ့ အကောင်းဆုံး Yahoo! Website ရဲ့ Video Games သီးသန့် Free Download Selection Site ပါ။ Video Game မျိုးစုံကို Download ရနိုင်ပါ တယ်။
ဒီ Site မှာတော့ ပေါ့ပေါ့ပါးပါး အသေးစား Flash Game ကလေး တွေရယ်၊ ကလေးတွေအကြိုက် Baby Game, Funny Game လေးတွေ မျိုးစုံကို အခမဲ့ ရယူနိုင်ကြပါတယ်။
ဒီ Site ကတော့ Game အကြီးစားကြီးတွေကို Download လုပ်လို့ရမှာ မဟုတ်ပဲ၊ Cell Phone, Pocket PC, Tablet စတဲ့ Small Screen Devices များအတွက် ရည်ရွယ်တဲ့ Game တွေကို Download ရယူနိုင်ကြမှာ ဖြစ်ပါတယ်..။
Credit To: aungsanmks

Thursday, May 23, 2013

Google ကို မြန်မာ domain .com.mm မှ မူရင်း .com သို့ပြောင်းဝင်မယ်

 ကျွန်တော်တို့ Google.com သို့ဝင်ရင် မြန်မာ ဒိုမိန်း ရှိတာ မို့ ဘယ်လိုဘဲ ရိုက်ရိုက် .com.mm ဒိုမိန်းနဲ့ဘဲ ထွက်လာမှာ ဖြစ်ပါတယ်.. Google က မြန်မာစာကို unicode သုံးထားတာမို့ unicode မရှိသူတွေ အတွက် အဆင်ပြေမှာ မပာုတ်ပါဘူး..ဒီတော့ ကြည့်ရှုရတာ မျက်စိ ပသာဒ မရှိမှာ အမှန်ပါ. ဒီတော့ English လို ပြောင်းလို့ ရအောင် အောက်ဆုံးမှာ change in English လို့ပေးထားပါတယ်.အဲတာလေးကို ကလစ်လိုက်ရင် English ဘာသာ ပြောင်းသွားမှာ ဖြစ်ပါတယ်..(ဒါကိုတော့ လူတိုင်းသိကြမှာပါ)
ဒါပေမယ့် doamin က တော့ .com.mm နဲ့ဘဲ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်... 
google.com နဲ့ဘဲ သုံးချင်တဲ့ သူတွေ အတွက် နည်းလမ်းလေး တခုကို ပြောပြလိုက်ရပါတယ်....
ဒါကတော့ www.google.com ရဲ့နောက်မှာ slash(/)လေးခံပြီးနောက်က ncr ဆိုတာ ရိုက်ထည့်လိုက်ပါ. ဒီလိုလေးပေါ့နော်..(www.google.com/ncr) ဒီလိုဆိုရင်တော့ google.com ဘဲပေါ်လာမှာပါ ..တခါရိုက်ပြီးရင်နောက်တခါမလိုတော့ပါဘူး နောက်တခါဆို google.com ဘဲရိုက်လိုက်ရင် ရပါပြီ ခင်ဗျာ....

Tuesday, May 21, 2013

ကိုယ့်ရဲ့ Gmail ကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့

ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့

ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ် ၊ ကျနော်တို့မှာ ဒေါ်လာတွေ သန်းချီပြီး ထည့်ထားတဲ့ ဘဏ်စာရင်း နံပါတ်တွေလည်း မရှိဘူး ၊ သတင်းတွေ အတင်းတွေကို ရောင်းစားလို့ ရလောက်အောင် ကျနော်တို့က super stars celebrities တွေလည်း မဟုတ်ဘူး ၊ အဲဒါကြောင့် အများစုက ဟက်ကာတွေရဲ့ရန်ကနေ လွတ်ကင်းနေကြသေးတယ် ၊ သို့သော်လည်း ဘာအတွက်မှ မဟုတ်ပဲ ဟက်လို့ရတဲ့ Gmail တို့ facebook တို့က ID နဲ့ password တွေကို ထောင်သောင်းချီပြီး ထုတ်ပြနေတဲ့ ဟက်ကာငကြွား အစွမ်းပြသမား တွေကလည်း ရှိနေတော့ သတိတော့ ထားရမှာပဲ ။ 
တချို့တွေ ကျပြန်တော့လည်း ဟိုဖက်ဒီဖက် password လေးတွေ လဲလှယ်ထားကြတာမျိုး ကလည်းရှိနေတော့ ကိုယ်ဝင်ဖတ်လိုက် သူဝင်စစ်လိုက်နဲ့ပေါ့ ။ 
အဲဒီလိုမျိုး ကိုယ့် Gmail ထဲကို ဘယ်အချိန်မှာ ဘယ်နေရာကနေ ၀င်သွားတယ်ဆိုတဲ့ မှတ်တမ်းကလေးကို ကျနော်တို့ သိနိုင်ရင် ကောင်းမှာပါ ၊ တလောက ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ Gmail ကို ဖွင့်ပြီး စစ်ပြတော့ မသင်္ကာစရာ တစ်ခုတွေ့ရတယ် ၊ အဲဒီလိုပဲ မကြာမကြာ ဆိုသလို Gmail account တချို့ ၀င်မရဘူးလို့ ပြောနေတာတွေလည်း ကြားနေရတယ် ၊ ဒါနဲ့ပဲ စစ်ကြည့်ရမယ့် နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ၊ အနည်းဆုံး တစ်ခါတော့ စစ်ကြည့်သင့်ပါတယ် ။ 
သေချာစေချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သုံးနေတဲ့ IP (Internet Protocol) address ကို သိအောင်လုပ်ရပါမယ် ၊ အဲဒါကလည်း ဘာမှမခက်ပါဘူး google search bar (www.google.com) မှာ my ip လို့ရိုက်လိုက် ၊ ရိုက်လို့တောင် မပြီးသေးဘူး ပေါ်လာပြီ ၊ အောက်မှာ ဖတ်ကြည့်ပြီး မှတ်ထားလိုက် ၊ အဲဒါမှ ခက်သေးရင်လည်းရတယ် ဘာမှမလုပ်နဲ့ ၊ နောက်မှ အဖြေကို ကြည့်ပြီး စဉ်းစားနည်းပြောမယ် ။ 
ကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ account နဲ့ login ၀င်လိုက်ပါ ၊ mail စာမျက်နှာရဲ့ ဟိုးညာဖက် အောက်ဆုံးဒေါင့်မှာရှိတဲ့ Details ဆိုတဲ့ စာလုံးလေးပေါ် ကလစ်လုပ်လိုက်ပါ ၊ အဲဒီမှာ Gmail account ထဲကို ၀င်သွားတဲ့မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်
Access type (ကွန်ပြူတာကနေ၀င်သုံးတာလား ၊ ဖုန်းကနေ ၀င်တာလား စသည်) ၊ 
Location (၀င်သုံးတဲ့နိုင်ငံ) ၊ 
IP address ( အင်တာနက်လိပ်စာ) ၊ 
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ်
အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင် highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ်
ကိုယ်ရှိနေတဲ့နိုင်ငံနဲ့ ကိုယ်သုံးစွဲခဲ့တဲ့ အချိန်တွေကို ကြည့်ပြီး ကိုယ့်စက်ရဲ့ IP ဘာဖြစ်မလဲ ကြည့်ပါ ၊ မကြာခဏ တူနေတာ ကိုယ့် IP ပေါ့ ၊ ကိုယ်က Gmail သုံးတဲ့အချိန်နဲ့ စက်ကဖေါ်ပြထားတဲ့ သုံးစွဲချိန်ကို တိုက်ဆိုင်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ် ၊ သူငယ်ချင်း အခန်းမှာ သွားလည်တုန်း Gamil ဖွင့်တယ်ဆိုရင်လည်း IP ပြောင်းသွားပါလိမ့်မယ် ၊ နိုင်ငံတော့ မပြောင်းဘူးပေါ့
ဒါဆိုရင် ကိုယ်နဲ့ ဆိုင်တဲ့သူ ၀င်တာလား မဆိုင်တဲ့သူ ၀င်မွှေသွားတာလားဆိုတာကို စစ်ဆေးကြည့်နိုင်ပါပြီ ။ 
နောက်ထပ် Gmail လုံခြုံရေးအတွက် ဘာညာဘာညာ လေးတွေရေးပါဦးမယ် ၊ အခုတော့ ဒီမှာတင်ရပ်လိုက်ပါပြီ ။ 
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ။

ကွန်ပြူတာက အချိန်တွေကို ပြောပြနေစေချင်တဲ့အခါ

နာရီတိုင်းမှာ ကွန်ပြူတာက အချိန်တွေကို ပြောပြနေစေချင်တဲ့အခါ 



တချို့သော တယ်လီဖုန်းတွေမှာ အချိန်နာရီ ပြောင်းသွားတိုင်း ဘယ်နှစ်နာရီ ထိုးပြီဆိုတာ ပြောပေးနေတဲ့ Function လေးတွေ ဖွင့်ထားတာကြတာ ကိုတွေ့ရပါတယ် ၊ အဲဒီလို လုပ်ဆောင်မှုမျိုးကို ကျနော်တို့ကွန်ပြူတာမှာ အလွယ်တကူ ဖန်တီး နိုင်တာ ကို တွေ့ရတဲ့အတွက် ထပ်ဆင့်ဝေမျှလိုက်ပါတယ် ။ ထူးဆန်း လန်းသစ်တဲ့ ဖန်တီးမှုလေးများကို ကိုယ်တိုင် ဖန်တီးပြီး ကျေနပ်ပျော်ရွှင်လိုတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ အတွက် ရည်ရွယ်ပါတယ်..


ပထမဦးဆုံးကတော့ ဟောဒီအောက်မှာပေးထားတဲ့ code လေးတွေကို Notepad လေးပေါ်ကူးတင်ပြီး .vbs ဖိုင်အဖြစ် နာမည်တစ်ခုခုနဲ့ save လုပ်လိုက်ပါ ၊ ဘယ်နေရာမှာ save ထားတယ် ဆိုတာကို မှတ်သားခဲ့ပါ ၊ time.vbs လို့ နာမည်ပေးပြီး save လိုက်တယ် ဆိုပါစို့ ..

Dim speaks, speech
speaks = "It is " & hour(time) & " O'clock"

Set speech = CreateObject("sapi.spvoice")
speech.Speak speaks



အဲဒီ time.vbs လေးကို double click လုပ်ပြီး စမ်းကြည့်ပါ ၊ အခုရှိနေတဲ့ နာရီကို ပြောပေးပါလိမ့်မယ် ၊ မိနစ်တွေကတော့ မပါဘူး ၊ သူ့ကို တစ်နာရီ တစ်နာရီ ပြောင်းသွားတိုင်း run အောင် လုပ်ပေးမှာဆိုတော့ နာရီကိုပဲပြောခိုင်းတာ ကောင်းပါတယ်.. 

ဒုတိယကတော့ အဲဒီ program လေးကို အချိန်ဇယားဆွဲပြီး နာရီတိုင်းပွင့်အောင် လုပ်ရပါလိမ့်မယ် (

(၁) Win key နဲ့ R ( Win + R ) ကိုတွဲရိုက် လိုက်တဲ့အခါ Run box လေးကျလာမယ် ၊
 အဲဒီမှာ Taskschd.msc လို့ရိုက်ပြီး Enter ခေါက်ပါ .. 
(Windows 7 မှာဆို Startmenu မှာပဲ ရိုက်ပြီး Enter ခေါက်လိုက်ရင်လည်း သွားပါတယ် ၊ Run ကိုခေါ်နေစရာ မလိုတော့ပါ )
Task Scheduler program ကိုခေါ်ထုတ်တဲ့ အဆင့် ဖြစ်ပါတယ် (

(၂) ပေါ်လာတဲ့ Task Scheduler ကနေ Action > Create task ကိုဖွင့်ပါ General tab ရဲ့အောက်မှာ ရှိနေမှာ ဖြစ်ပြီး Schedule ရဲ့ နာမည်ပေးပါ ၊ OK .. OK ကိုနှိပ်ပါ ၊
နာမည် သတ်မှတ်တဲ့ အဆင့် ၊ schedule တစ်ခု ဖန်တီးတဲ့အဆင့် ဖြစ်ပါတယ် ..




(၃.က) Trigger tab ကိုရွှေ့ပြီး New Trigger box ပေါ်လာမယ် ..

(၃.ခ) Start နဲ့တည့်တည့်မှာရှိတဲ့ Schedule စမယ့်အချိန်ကို နာရီအတိဖြစ်အောင်ချိန်လိုက်ပါ ၊ Repeat task every ရဲ့ရှေ့မှာ select လုပ်ပြီး one hour မှာထားပါ ၊ for a duration of ကို indefinitely ပြောင်းပြီး Ok နှိပ်ပါ
Schedule ကို အချိန်ဇယား ထည့်ပေးတဲ့ အဆင့်ဖြစ်ပါတယ်..


(၄) Action tab ကိုရွှေ့ပြီး New ကိုနှိပ်ပါ.. New action box လေးကျလာတဲ့အခါ browse ကိုနှိပ်ပြီး စောစောက save ထားတဲ့ time.vbs ဖိုင်လေးဆီကိုသွားလိုက်ပြီး open ကိုနှိပ်ပါ ၊ ok ကိုနှိပ်ပါ ဒီအဆင့်က လုပ်ဆောင်ရမယ့် အလုပ်တာဝန်လေးနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် .. ပြီးသွားတဲ့အခါ ok ကိုနှိပ်ပြီး အားလုံးပိတ်လိုက်ပါ ၊


 ပြီးသွားပါပြီ ။

ကွန်ပြူတာဖွင့်ပြီး သုံးနေစဉ်မှာ နာရီတိုင်း ကွန်ပြူတာက ဘယ်နှစ်နာရီ ထိုးပြီဆိုတာကို ပြောပေးနေမှာ ဖြစ်ပါတယ် ..

အသစ်အဆန်းလေးများနဲ့ ပျော်ရွှင်နိုင်ပါစေ..

Facebook ထဲက သူငယ်ချင်းရဲ့ Email သိချင်သူများအတွက်

Facebook ထဲက သူငယ်ချင်းရဲ့ Email ၊ မမေးပဲနဲ့ သိချင်သူများအတွက်

တချို့တွေကျတော့ facebook ထဲက သူငယ်ချင်းကို facebook ထဲကနေပဲ message တွေပို့ပေးတာထက်ပိုပြီး email account လေး ဘာလေး သိချင်လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ၊ facebook ထဲမှာ မြစ်ဖျားခံသွားတဲ့ ဇတ်လမ်းကောင်း လေးတွေလည်း ဟိုနားဒီနား ကြားဖူးနေကြတယ် မဟုတ်လား ၊ နည်းပညာ ဗဟုသုတ အတွက်ပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ် သိချင်သူများအတွက် ကျနော်က တင်ဆက်လိုက် ရပါတယ်ခင်ဗျာ..

 (၁) ပထမဆုံး အောက်မှာပေးထားတဲ့ Link လေးကနေ Yahoo mail account ထဲကို Log in လုပ်ရပါမယ် ၊ facebook နဲ့ Yahoo ဟာ နားလည်မှုယူပြီး service ချင်း ချိတ်ဆက်ထားလို့ ဖြစ်ပါတယ် ၊

 https://login.yahoo.com/config/login_verify2?.intl=us&.src=ym

Yahoo ID ရှိပြီးသားဆိုရင် ပိုအဆင်ပြေပါတယ် အခုလောလောဆယ်တော့ မရှိသေးဘူးလို့ သဘောထားပြီး ရေးသွားပါမယ် ၊ ပြီးမှ ID ရှိပြီးသားတွေ အတွက် အောက်နားမှာ အတိုချုပ်လေး ရေးပေးပါမယ် ၊ ID မရှိသေးတဲ့အတွက်..

 (၁) Sign in with facebook ကို နှိပ်ပါ ၊

 facebook ကို log in လုပ်တဲ့ စာမျက်နှာပေါ်လာမယ် ၊ facebook ထဲကို ၀င်လိုက်ပါ ၊


 (၂) Yahoo က ကျနော်တို့ရဲ့ public profile ထဲကို ၀င်ခွင့်တောင်းတဲ့ message လေးပေါ်လာမယ် ၊ Okay နှိပ်ပြီးခွင့်ပြုလိုက်ပါ ၊ နောက်ထပ် ပေါ်လာတဲ့ message ကိုလည်း Okay ကိုနှိပ်ပါ ၊


 (၃) Yahoo အတွက် ID နဲ့ password လေးရွေးပြီး continue ကိုနှိပ်ပါ ၊ Yahoo mail ထဲကိုရောက်သွားပါပြီ ၊ ( facebook ထဲက profile အချက်အလက်တွေကို ဆွဲယူသွားတဲ့အတွက် ID နဲ့ password ပဲ ရွေးရပါတော့တယ် )
 (၄) အပေါ်မှာ INBOX, CONTACTS, CALENDAR ဆိုတဲ့ tab သုံးခုရှိတဲ့အထဲက CONTACTS ကိုကလစ်လုပ်လိုက်ပါ ၊ import contact ကို ဆက်နှိပ်ပါ


 (၅) ဘယ်က contact တွေကို import လုပ်မလဲ ရွေးပေးရပါမယ် ၊ facebook icon လေးကို နှိပ်လိုက်ပါ


 (၆) Okay ကိုနှိပ်ပါ ၊ facebook ထဲက အဆက်အသွယ် contact တွေကို Yahoo ထဲကို ဆွဲယူနေပါပြီ ၊ ခဏကြာတဲ့အခါ ဆွဲယူပြီးသွားတဲ့ contact စာရင်းပေါ်လာပါလိမ့်မယ် ၊
 (၇) View import contacts ကိုနှိပ်လိုက်ပါ


 Facebook မှ သူငယ်ချင်းများ အားလုံးရဲ့ ID နဲ့အတူ Email များကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း တွေ့မြင်ရပါပြီ ။



Yahoo ID ရှိပြီးသူတွေ အတွက်ကတော့ (
(၁) Yahoo mail ထဲကိုဝင်ပါ
(၂) Contacts ကိုနှိပ်ပြီး import contacts ကိုနှိပ်ပါ
(၃) facebook icon ကိုရွေးပါ ၊
(၄) facebook account ထဲကို ၀င်ပေးလိုက်ပါ
(၅) View imported contacts ကိုနှိပ်ပါ ။

 Email တွေကို ကြည့်လို့ရပါပြီ ။

 အနှစ်ချုပ်အားဖြင့်ကတော့ facebook ထဲက အဆက်အသွယ်ရှိတဲ့ သူငယ်ချင်း contact တွေကို Yahoo Mail ထဲကို ဆွဲသွင်း ( import လုပ် ) ပြီး ကြည့်လို့ရပါတယ် .. အဲဒါပါပဲ ..

ကဲ ဒါဆိုရင် facebook ထဲမှာတွင်မကတော့ပဲနဲ့ Email လေးတွေနဲ့ပါ ဆက်သွယ်လို့ ရသွားပြီပေါ့ .. တချို့ကတော့ Email မပေးပဲနဲ့ ဘယ်လိုလုပ်ပြီး ရသလဲလို့ အဆန်းတကြယ် ဖြစ်နေကြပါလိမ့်မယ်

Website ၄၅ ခုရဲ့ ပို့စ်တွေကို App တစ်ခုတည်းနဲ့ ဖတ်နိုင်မယ့် HWH

Website ၄၅ ခုရဲ့ ပို့စ်တွေကို App တစ်ခုတည်းနဲ့ ဖတ်နိုင်မယ့် HWH v 2.2 ထွက်ပါပြီ



Website နဲ့ ဘလော့ပေါင်း (၄၅)ခုရဲ့ ပို့စ်တွေကို Android သုံးတဲ့ Device ပေါ်ကနေ တစ်ချက် ကလစ်လိုက်တာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်.. နည်းပညာ၊ ကျန်းမာရေး၊ သတင်း၊ သုတ စတဲ့ သုတ၊ ရသ စုံကို Update တစ်ချက်တည်းလုပ်ရုံနဲ့ ဖတ်နိုင်ပါပြီ.. စာမျက်နှာတွေကို website ကြည့်နေစရာမလိုပါဘူး.. update လုပ်ပြီး connection ကို ဖြတ်တောက်ပြီး Offline အနေနဲ့ ကြည့်နိုင်ပါတယ်.. ဒါဆို ပိုက်ဆံလည်းကုန်စရာမလိုတော့ဘူးပေါ့.. ကိုယ်မလိုချင်တဲ့ website တွေကိုလည်း ပယ်ဖျက်နိုင်ပါတယ်..
 မှတ်ချက်။    ။သတင်းစာမျက်နှာ များခြင်းကြောင့် သတင်းများ အ၀င်များပါမည်။ အချို့သတင်းများ ထပ်နိုင်ပါသည်။ Userအနေဖြင့် မနှစ်သက်သော သတင်းစာမျက်နှာကို ပယ်ဖျတ်ခြင်းပြုလုပ်နိုင်ပါသည်။App open>>> Source>>> သတင်းမ၀င်စေချင်တဲ့ သတင်းဌာနအမည်ကို ကြာကြာဖိ >>>Delete Feed.။
 ***သတင်းများ ဖတ်ပြီးတိုင်း Phone Option>>Delete All လုပ်ပေးပါရန်*** လို့ ဒီ app ကို ဖန်တီးတဲ့ Admin က အသိပေးထားပါတယ်..

HWH Version 2.2တွင် ပါရှိသော သတင်းစာမျက်နှာများ
……………………………………………………………………..
၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)
၂။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)
၃။ ဧရာဝတီ (သတင်းစာမျက်နှာ)
၎။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)
၅။ Opposite Eye (သတင်းစာမျက်နှာ)
၆။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)
၇။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)
၈။ ၀င်းကမ္ဘာကျော် (နည်းပညာ)
၉။ HWH မှ ပို့စာ (ဤ APPနှင့် ပတ်သက်၍ သတင်းပို့)
၁၀။ TechSpaceဂျာနယ် (နည်းပညာ)
၁၁။ နစ်နေမန်း (သတင်းစာမျက်နှာ)
၁၂။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)
၁၃။ ခေတ်လူငယ် (သတင်းစာမျက်နှာ)
၁၄။ Hot News Weekly (သတင်းဆောင်းပါး)
၁၅။ဒေါက်တာလွဏ်းဆွေ(သတင်းစာမျက်နှာ)
၁၆။ မိုးမခ (သတင်းစာမျက်နှာ)
၁၇။ ချစ်သူဆီသို့ (ခံစားချက် ရသ)
၁၈။သက်တန့်ချို( ရသစာပေများ)
၁၉။Nine Nine Sanay @ နိုင်းနိုင်းစနေ( ရသစာပေများ)
၂၀။ စနေဖြိုး {S@n@y Phyo}( ရသစာပေများ)
၂၁။ Heart Canteen( ရသစာပေများ)
၂၂။ The Voice Weekly(သတင်းစာမျက်နှာ)
၂၃။ Mizzima - News in Burmese(သတင်းစာမျက်နှာ)
၂၄။ CJMyanmar(သတင်းစာမျက်နှာ)
၂၅။88 Generation Students(88မျိုးဆက်ကျောင်းသားများ)
၂၆။ Burma VJ Media Network(သတင်းစာမျက်နှာ)
၂၇။ Freedom News Group(Burma) (သတင်းစာမျက်နှာ)
၂၈။ Myanmar journal download(အပတ်စဉ် ဂျာနယ်များDownloadဆွဲရန်)
၂၉။ Messenger News Journal(သတင်းစာမျက်နှာ)
၃၀။ Shwe Myitmakha Media Group(သတင်းစာမျက်နှာ)
၃၁။ ရဲဇာနည်(ပြည်ထဲရေးမှ ထုတ်ပြန်သော မူခင်းသတင်း)
၃၂။ News of Myanmar(သတင်းစာမျက်နှာ)
၃၃။ ITgroup(နည်းပညာ)
၃၄။BBC Burmese(သတင်းစာမျက်နှာ)
၃၅။ 7Day News Journal(သတင်းစာမျက်နှာ)
၃၆။ Voice Of America(VOA) (သတင်းစာမျက်နှာ)
၃၇ ။ RFA Burmese(သတင်းစာမျက်နှာ)
အသစ်ထပ်တိုး စာမျက်နှာများ
၃၈။ Aye Chan Mon (သတင်း+သုတ+ရသ)
၃၉။ Netguide Journal( နည်းပညာသတင်း)
၄၀။ Myanmar IT Helper( နည်းပညာ Blog)
၄၁။ Pyithu Hluttaw - ပြည်သူ့လွှတ်တော် (လွှတ်တော် သတင်းအဖြာဖြာ)
၄၂။ MM Android (Mobileဖုန်း နည်းပညာ)
၄၃။ Young Buddhist's Association (ဓမ္မ အဆုံးအမများ)
၄၄။ MMSD (Mobileဖုန်း နည်းပညာ)
၄၅။ မောင်ပေါက် (နည်းပညာ)

အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီခင်ဗျာ..

Download Links:

                                                       
  

                                                  သည်နေရာကနေ ကူးယူဖေါ်ပြသည်

အနိုင်နဲ့ပိုင်းတော့မယ့် ဘက်ခမ်း

အနိုင်နဲ့ပိုင်းတော့မယ့် ဘက်ခမ်း

အထင်ကရ ဘောလုံးသမားအဖြစ် နှစ်ပေါင်းအတန်ကြာ ရပ်တည်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း အနားယူပါတော့မယ်။
သူ့ကိုတော့ နိုင်ငံတကာမှာ အများအပြားက အမှတ်ရနေကြမှာပါ။

ဒီ ဘောလုံးရာသီပြီးရင် ဘောလုံးလောကထဲက နားတော့မယ်လို့ မနေ့က သူ ကြေညာခဲ့ပါတယ်။
သူက နိုင်ငံတကာဘောလုံးလောကမှာသာမက ဖက်ရှင်၊ စီးပွားရေးလောကမှာပါ ထင်ရှားသူတယောက်ပါ။
ကမ္ဘာ့ဖလားကို သုံးကြိမ် ဝင်ကန်ခဲ့၊ ပေါ်ပြူလာဖြစ်တဲ့ မော်ဒယ်တယောက်ကို လက်ထပ်ခဲ့၊ သူကိုယ်တိုင်လည်း ကြော်ငြာမော်ဒယ်တယောက် ဖြစ်ခဲ့သူပါ။

သူ့မိန်းမ ဗစ်တိုးရီးယားကလည်း နယ်ပယ် အတော်များများမှာ ထင်ပေါ်သူပါ။
လုပ်ငန်းရှင်၊ ဖက်ရှင်ဒီဇိုင်းဖန်တီးသူ၊ မော်ဒယ်၊ အဆိုတော် ဗစ်တိုးရီးယားဘက်ခမ်း ဖြစ်ပါတယ်။

အခု ကမ္ဘာကျော် ဘောသမား ဘက်ခမ်း အငြိမ်းစားယူမယ့် သတင်းက နိုင်ငံတကာသတင်းတွေမှာ ထိပ်တန်းမှာ ရှိနေဆဲပါ။

 လန်ဒန်မြို့ဇာတိ ဘက်ခမ်းက မန်ယူအသင်းမှာ စပြီး ကန်ခဲ့တယ်လို့ Reuters သတင်းဌာန သတင်းတပုဒ်မှာ ရေးပါတယ်။ အဲဒီအချိန်က သူ အသက် ၁၇ သားပါ။

အနားယူတော့မယ် ဆိုပေမယ့် သူ့အသက်က ၃၈ နှစ်ပဲ ရှိပါသေးတယ်။
ခါတိုင်းလို ဘောလုံးမကန်တော့ဘူး ဆိုတဲ့ ဘက်ခမ်းကြီးတယောက် ရုပ်သံကလာမယ့် ဘောလုံးပွဲတွေကြည့်ရင်း သူ့မိသားစုအတွက် အချိန်ပိုပေးနိုင်ဖွယ် ရှိပါတယ်။

by - ဧရာဝတီ

ကီးမလိုတဲ့ IDM 6.15 လေး

ဘာကီးမှမလိုတဲ့  (IDM 6.15) လေးပါ

                                               
ဒေါင်းလော့ ဆွဲရာမှာ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံးဆော့ဝဲလ်လေးဖြစ်ပါတယ်။
တော်တော်များများလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဘာကီးမှ ထဲ့ စရာမလိုတဲ့ ဆော့ဝဲလ် လေတင်ပေးလိုက်ပါတယ် အင်စတော လုပ်လိုက်ပြီးတာနဲ့  သုံးလို့ ရပါပြီ ........ အဆင်ပြေတာပေါ့နော်....... သုံးကြည့်လိုက်ပါဦး...............


 
 

Monday, May 20, 2013

မိမိဖုန်းရဲ့ တည်နေရာနဲ့ အင်တာနက် speed သိချင်သူများအတွက်

ဒီဆော့ဝဲလ်လေးက တော့ ဖုန်းကိုင်သူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်..ကိုယ်ဖုန်းအတွက် အကောင်းဆုံး carrier ကို ရှာဖွေနိုင်မှာဖြစ်သလို  မိမိဖုန်းရဲ့ တည်နေရာ၊ မိမိရောက်နေတဲ့နေရာကို ဖွင့်ကြည့်လိုက်ရုံနဲ့ မြန်မာလို ပါမြင်ရမှာဖြစ်ပါတယ် ..ဥပမာ ကျွန်တော် မကွေး ကိုရောက်နေတယ်ဆိုရင် မြေပုံကြည့်လိုက်တာနဲ့ မိမိရောက်တဲ့နေရာ ၊မိမိရှိနေတဲ့နေရာကို မြန်မာလို ဖော်ပြပေးမှာဖြစ်ပြီး  map view, satellite view ကြိုက်ရာရွေး ပြီး ကြည့်နိုင်မှာဖြစ်ပါတယ်..ဒါအပြင် မိမိဖုန်းရဲ့ အင်တာနက် speed ပါတိုင်းတာနိုင်မှာဖြစ်ပြီး နောက်ထပ် features အလန်းစားတွေ ပါရှိမယ့် ဆော့ဝဲလ် လေးဖြစ်ပါတယ် …အောက်မှာ download  ရယူနိုင်ပါတယ် ..

Credit -Myo Minn Thant (Myanmar Mobile App Store)

Friday, May 17, 2013

ကွန်ပျူတာသမားတွေ သတိထားသင့်တဲ့ ဝေဒနာများ

ကွန်ပျူတာသမားတွေ သတိထားသင့်တဲ့ ဝေဒနာများ
 
   ကွန်ပျူတာရှေ့မှာထိုင်ပြီး  အလုပ်လုပ်ကြ တဲ့သူတွေ တစ်နေ့တခြားများလာသလို ကွန်ပျူတာ အသုံးပြုခြင်းကြောင့်ဖြစ်လာ တဲ့ ဝေဒနာတွေက လည်း မနည်းတော့ပါဘူး။
နေ့စဉ်နေ့တိုင်း အသုံးပြုနေတဲ့ ကွန်ပျူတာ မော်နီတာ၊ ကွန်ပျူတာတင်တဲ့ စားပွဲ၊ ကုလားထိုင်၊ Keyboard နဲ့ Mouse တို့ရဲ့ အနေအထားမမှန် တဲ့အတွက်ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာ ရေးဆိုးကျိုးတွေ ဖြစ်စေပါတယ်။
ကွန်ပျူတာအသုံးပြုသူတွေရဲ့အကြီးဆုံးအမှား ကတော့ ကိုယ်နေဟန်ထားပါပဲ၊ ကွန်ပျူတာရိုက်တဲ့ အခါ  ထိုင်တဲ့ကုလားထိုင် မှာ  နောက်ကျောမှီ ကောင်းကောင်းမရှိရင် ခါးနာတဲ့ဝေဒနာရရှိတတ် ပါတယ်။ လူတွေတစ်နေ့တာ အသုံးပြုတဲ့ အနေ အထား သုံးမျိုးဖြစ်တဲ့ ရပ်တဲ့အနေအထား၊ ထိုင် တဲ့ အနေအထားနဲ့ လဲလျောင်း အနေအထား အနက် ထိုင်တဲ့အနေအထားကို ကြာရှည်မသုံးသင့် ပါဘူး။ ကွန်ပျူတာသမားအနေနဲ့ ထိုင်တဲ့ပုံစံပုံပန်း ကျခြင်းမရှိရင် ခြေထောက်အကြောတက်၊ ဇက် ကြောတက်တာ၊ ကျောအောင့်တာ၊ ခါးနာတာတို့ ဖြစ်လာတတ်ပါတယ်။
    ဒါကြောင့်ကွန်ပျူတာကို တစ်နာရီ အသုံးပြု ပြီးတိုင်း ၅ မိနစ်ခန့် မဖြစ်မနေ နားသင့်ပါတယ်။ ထိုင်နေတဲ့အနေအထားကနေ မတ်တပ်ရပ်ပြီးဖြစ် စေ၊ လမ်းလျှောက်လို့ဖြစ်စေ၊ ခန္ဓာကိုယ်အနေအ ထားကိုပြောင်းပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် တော့ ကြာရင် ထိုင်းထိုင်းမှိုင်းမှိုင်း၊ ငူငူငေါင်ငေါင် ဖြစ်လာမှာပါ။ ညောင်းညာပြီး မအီမသာ မကြည် မသာဖြစ်လာတော့မှာ အသေအချာပါ။
    ကွန်ပျူတာကြောင့်ဖြစ်တဲ့  ဝေဒနာတွေ အနက် Carpal Tunnel Syndrome (CTS)   ဆိုတဲ့  ဝေဒနာကတော့ လက်ကောက်ဝတ်မှာရှိတဲ့ အလယ်နာပ်ကြောမှာ ဖိအားများလာပြီး ဖြစ်လာ တဲ့ ဝေဒနာပါ။ ဒီဝေဒနာဖြစ်လာရင် လက်ချောင်း တွေကျဉ် လာမယ်။ လက်ကောက်ဝတ်နာလာမယ်။ ညဘက်မှာ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်တွေ ထုံကျဉ်လာမယ်။ တဖြည်းဖြည်းနဲ့ လက်ချောင်း လေးတွေကစပြီး  တစ်ဆင့်စီ ပခုံးနဲ့ ဇက်အထိ နာကျင်မှုတွေ တက်လာပါမယ်။
    နောက်တစ်ခါ ကွန်ပျူတာသမားတွေ ဖြစ် တတ်တဲ့ ဝေဒနာက  မျက်စိဝေဒနာပါ။  မိမိရဲ့ မော်နီတာပေါ်ကို အလင်းရောင်  မကျရောက် အောင် ဂရုစိုက်ပြီး  နေရာချထားသင့်ပါတယ်။ မော်နီတာ  မှန်သားကတစ်ဆင့်  အလင်းပြန်မှု ကြောင့် မျက်စိကို ထိခိုက်စေ တာမို့ပါ။ မော်နီတာ ကို စူးစိုက်ကြည့်ရင်းက မျက်လုံးကို ထောက်ကူ ထားတဲ့ ကြွက်သားတွေတင်းလာပြီး မျက်လုံးကိုက် တာ၊ မျက်ရိုးကိုက်တာ၊ ခေါင်းကိုက်တာဖြစ် တတ် သလို မျက်စေ့ေ၀၀ါးသွားတာလည်း ဖြစ်တတ်ပါ တယ်။ ဒါကြောင့်နာရီဝက် တစ်ခါလောက် ကွန်ပျူ တာမော်နီတာအပေါ် စူးစိုက်ထားတဲ့ မျက်လုံးတွေ ကို ခပ်လှမ်းလှမ်းကို တစ်မိနစ်လောက် အကြည့်ပို့ ပေးသင့်ပါတယ်။ အနီးဝန်းကျင်မှာ စိမ်းလန်းတဲ့ အပင်နဲ့ ရှုခင်းမျိုးရှိရင်ကောင်းပါတယ်။ ကွန်ပျူတာ စားပွဲပေါ်မှာအစိမ်းရောင်အိမ်တွင်းစိုက် သစ်ပင် ပန်းအိုးလေးရှိရင်လည်း ကောင်းပါတယ်။ မျက်လုံး ကို ခပ်နာနာလေး ငါးစက္ကန့်လောက်ပိတ်ပြီး ပြန်ဖွင့် တဲ့မျက်လုံးလေ့ကျင့်ခန်း ကိုလည်း လုပ်သင့်ပါတယ်။
    လူတစ်ဦးအနေနဲ့ တစ်ဆယ့်နှစ်ပေါင်လောက် လေးတဲ့ဦးခေါင်းကို  လည်ပင်း ကြွက်သားတွေနဲ့ ထောက်မထားရတာပါ။ ဒါကြောင့် ကွန်ပျူတာ မော်နီတာက မိမိမျက်လုံးထက်မြင့်နေရင် ဦးခေါင်း ကိုမော့နေရတာမို့  လည်ပင်းရဲ့ ကြွက်သားတွေ ခမြာ လိုအပ်တာထက်  ဆန့်ထုတ်နေရရှာမှာပါ။ အရှိန်ကြာမြင့်စွာ နေ့စဉ်ရက်ဆက် နှစ်ရှည်လများ ကွန်ပျူတာသမားအဖို့ လည်ပင်း<ကက်သား ရောင် ရမ်းတာ၊ ဇက်ညောင်းတာ၊ ခါးနာတာတွေ ဖြစ်ပြီ ပေါ့။
    တစ်ခါ ကွန်ပျူတာကီးဘုတ်နဲ့ မောက်စ်က လည်း မြင့်နေတဲ့စားပွဲမှာပဲရှိနေပြီး သုံးတဲ့လူက အနိမ့်ကနေလှမ်းရိုက်နေရရင် လက်ကောက်ဝတ် နေရာကနေ လက်ဖ၀ါးကို လှန်ချိုးထားသလို ဖြစ် နေလို့ကြာရင်  လက်ကောက်ဝတ်တွေနာပြီပေါ့။ ကီးဘုတ် နဲ့ မောက်စ်တွေကိုစားပွဲပေါ်မှာ ကိုယ်ခန္ဓာနဲ့ အလှမ်းဝေးရာမှာ တင်ထားရင်လည်း လက်ကို ဆန့်ထုတ်ပြီး ကွန်ပျူတာရိုက်ရတော့ လက်အနေ အထားမမှန်တာမို့  လက်မောင်းအကြောတင်း၊ ဇက်ကြောတင်းတဲ့ ဝေဒနာတွေ ခံစားရပြန်တာပါ ပဲ။ ဒါကြောင့် ကွန်ပျူတာစားပွဲကို  ရိုးရိုးစားပွဲ မသုံးသင့်ပါဘူး။ ကွန်ပျူတာတင်ဖို့နေရာ၊ ကီးဘုတ် နဲ့ မောက်စ်ထားဖို့နေရာစသဖြင့် ပုံစံတကျစနစ် ကျတဲ့ ကွန်ပျူတာသုံးစားပွဲကို အသုံးပြုသင့်သလို၊ ကုလားထိုင်ဟာလည်း အနိမ့်အမြင့် အလိုက်သင့် ညှိလို့ရတဲ့ နောက်မှီပါတဲ့ ကွန်ပျူတာသုံးကုလား ထိုင်ဖြစ်သင့်ပါတယ်။ ဒါမှ ရေရှည်မှာ ကွန်ပျူတာ က ပေးတဲ့ဝေဒနာတွေရဲ့ အန္တရာယ်ဘေးက လွတ် ကင်းမှာပါ။
    ခေတ်မီတိုးတက်နေတဲ့ နည်းပညာနဲ့ စက် ပစ္စည်းကိရိယာတွေ  အသုံးပြုနေကြသူတွေအဖို့ အန္တရာယ်တွေ ဝေဒနာတွေ မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရမှာပါ။ မဟုတ် ရင် ကိုယ်ပဲဝေဒနာခံစားရမှာ မဟုတ်လား။ ကွန်ပျူတာေ ကြာင့်ဖြစ်ပေါ်တဲ့ ဆိုးကျိုးတွေဟာ လတ် တလောမှာ မသိသာပေမယ့် ရေရှည်မှာ ကျန်းမာ ရေးကို များစွာထိခိုက်စေမှာပါ။ တချို့ဝေဒနာတွေ ကတော့ ခွဲစိတ်ကုသမှုခံယူရတဲ့အထိ ဖြစ်တာပါ။ ဒါဆိုရင်သိတဲ့အတိုင်း  နောက်ဆက်တွဲပြဿနာ တွေပါလာပြီပေါ့။ ဒါကြောင့် ကွန်ပျူတာရှေ့မှာ မထစတမ်း အလုပ်လုပ်နေသူတွေအဖို့အလုပ်ခွင်နဲ့ ကျန်းမာရေး ကို ရှေ့ရှုတွေးပြီး သတိထား လုပ် ဆောင်သင့်တာတွေရှိပါတယ်။
   -  ကွန်ပျူတာရှေ့မှာထိုင်တဲ့အခါ ခါးကို လိမ် စောင်းပြီး အမှုမဲ့အမှတ်မဲ့ မထိုင်ဘဲ ခါးကို မတ်မတ်ထားပြီး ပုံစံမှန်မှန်ထိုင်ဖို့။
    -    လက်မောင်းနဲ့ လက်ဖျံတွေ တန်းတန်းကြီး ဖြစ်မနေဖို့။
    -    လက်ကောက်ဝတ်ကို လှန်ထားသလိုမဖြစ် စေဘဲ ဖြောင့်နေစေဖို့။
  - ဦးခေါင်းလေ့ကျင့်ခန်း၊ ခါးဆန့်၊ လက်ချောင်း ဆန့်၊ လက်သီးဆုပ်လိုက်ဖြန့်လိုက် လေ့ကျင့် ခန်းကလေးတွေကို မမေ့မလျော့လုပ်ဖို့ မမေ့ ကြပါနဲ့။
  ဒါ့အပြင် ကွန်ပျူတာသမားတိုင်း မဖြစ်မနေလုပ်သင့်တဲ့ ကိုယ်လက်ဆန့် လေ့ကျင့်ခန်း ပုံစံလေးတွေကိုလည်း နမူနာကြည့်ပြီး လုပ်ကြပါ။ ကိုယ်လည်းသိရှိလိုက်နာသလို ကွန်ပျူတာသမားအချင်း ချင်းလည်း အသိပေးပြောပြပြီး လိုက်နာဆောင် ရွက်ဖို့ တိုက်တွန်းပေးကြပါနော်။
Ref  - မတ္တာဦး၏ ကွန်ပျူတာကြောင့်ဖြစ်သော ဝေဒနာများ

မန်ယူပွဲ ကျပ် ၁၀၀၀ ဖြင့် ကြည့်နိုင်

မန်ယူပွဲ ကျပ် ၁၀၀၀ ဖြင့် ကြည့်နိုင်

ကွင်းဝင်ကြေးများအား ပြည်တွင်းတွင်လှူဒါန်းမည်

ကမ္ဘာကျော် မန်ယူအသင်းမှ ကစားသမားဟောင်းကြီးများနှင့် မြန်မာ့လက်ရွေးစင် အသင်းကြီးတို့ကစားမည့် ရန်ပုံငွေအားကစား ပြိုင်ပွဲအား အများပြည်သူများအနေဖြင့် ကွင်းဝင်ကြေး တစ်ဦးလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူ ကစားသမားဟောင်း များနှင့်ကစားမည့် ရန်ပုံငွေပွှဲနှင့် ပတ်သက်၍ ဧရာဝတီဖောင်ဒေး ရှင်းဥက္ကဌဦးဇော်ဇော်က ''ကွင်းဝင်ကြေးတွေနဲ့ Hotel Park Royal မှာ ညပိုင်းပြုလုပ်မယ့် ညစာစားပွဲကနေ ရလာမယ့် ငွေကြေးအကုန်လုံးကို ရန်ကုန်မြို့ရှိ သီတဂူ မျက်စိဆေးရုံ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်နဲ့ သုခရိပ်မြုံမိဘမဲ့ဂေဟာတွေကို လှူဒါန်းသွားမှာပါ။ အမေရိကန် ဒေါ်လာ ၃၀၀၀၀ အနိမ့်ဆုံး လှူဒါန်းသွား မယ်။ ကျွန်တော်တစ်ဦးတည်းလှူဒါန်းတာထက် ပရိသတ်တွေရဲ့ အလှူလည်းပါဝင်စေချင်လို့ ဒီလိုပွဲမျိုးကို ပါဝင် လှူဒါန်းစချင်တဲ့ ဆန္ဒရှိတဲ့ အတွက်ကြောင့် ဒီပွဲလေး ကိုစီစဉ်ဖြစ်တာပါ''ဟု ပြောခဲ့သည်။

အဆိုပါပွဲကို ဇွန် ၉ ရက် ညနေ ၄နာရီတွှင် မြန်မာ့လက်ရွေးစင်အသင်းကြီးနှင့် ကမ္ဘာကျော်မန်ယူအသင်းမှ ကစားသမားကြီး အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေတွန်ဘလက်မိုးရ်နှင့် လီရှက်ဖ်တို့ ပါဝင်ကစားမည်ဖြစ်ပြီး ကစားသမားဟောင်းများဘက်မှ မြန်မာနေရှင်နယ် ကလပ်များတွင် ပါဝင်ကစားနေသည့် နိုင်ငံခြားသားများက ၀င်ရောက်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို မိနစ် ၃၀ နှစ်ပိုင်း ခွဲကစား သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ပုံငွေပွဲမှ ရရှိလာမည့်ဝင်ငွေများကို လှူဒါန်းသွား မည်ဖြစ်သည်။ မန်ယူကစားသမားများ၏ မြန်မာပြည်လာရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို ယခုစီစဉ်သည့် အဖွဲ့အစည်းသုံးခုမှ အကုန်အကျခံ သွားမည် ဖြစ်သည်။

credit - မင်းသန့် ၊ ညီသစ်လူ

ဥပဒေစာအုပ်များပေါင်းချုပ်

ဥပဒေစာအုပ်များပေါင်းချုပ်

 
ဥပဒေစာအုပ်တွေကို သည်လို တနေရာတည်းပေါင်းစုပြီး မျှဝေလိုက်ပါတယ်... လိုခင်ြသူများလည်းအဆင်ပြေစေဖို့ အတွက်.. ရှာဖွေစုဆောင်းပြီး  ပြန်လည်မျှဝေခြင်းပါ.. ဘလော့ကာ မိတ်ဆွေ  မောင်ပေါက်  ဆီကနေ  သူတင်သမျှ ပြန်လည် စုဆောင်းထားပြီး ခုလို အများအတွက် တဖန်မျှဝေ လိုက်ရခြင်းဖြစ်ပါတယ်...အဆင်ပြေကြပါစေ...

  *********************************************************

  ကဲ ဥပဒေစာအုပ်များကို  လေ့လာ မှတ်သားလိုသော မိတ်ဆွေအပေါင်း  အောက်မှာ ဒေါင်းယူပြီး လေ့လာနိုင်ပါတယ်....

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အနည်းဆုံး
Download Link ကို 2 ခု တင်ပေးထားပါတယ်.. တစ်ခုနဲ့မရရင် တစ်ခုနဲ့ ဒေါင်းပါ.. အဆင်ပြေပါစေ.. 

Download Via Solidfiles

Download Via Mediafire

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 Download Via Solidfiles :

Download Via Mediafire :
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Download Via SolidFiles :

Download Via Mediafire :

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Dev-Host Download Links:

 

Solidfiles Download Links:

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Download From Mediafire :

Download From Solidfiles

Download From Solidfiles :

Thursday, May 16, 2013

ဆိုင်ကလုန်း မဟာစင်ဟာ ဘင်္ဂလားဒေ့ရှ် ၀င်ရောက်

ဆိုင်ကလုန်း မဟာစင်ဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ မြေနိမ့် ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်ပြီး စစ်တကောင်းနဲ့ ကောက်ခ်စ်ဘဇား ဆိပ်ကမ်းတွေဆီကို တည့်တည့် ၀င်ရောက်နေပါတယ်။

လေဟာ တနာရီမိုင် ၆၀ ကျော်နှုန်းလောက် တိုက်ခတ်နေပြီး လှိုင်းလေတွေ ပြင်းထန်နေပါတယ်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းရိုးတန်းက ခဲပူပါရာကို အရင်ဆုံး တိုက်ခတ်သွားပြီး မြန်မာနိုင်ငံအနီး အရှေ့ဘက် ကမ်းရိုးတန်းဆီ ဦးတည်ပြီး အရှေ့မြောက်ဘက် လမ်းကြောင်းကို ရောက်ရှိနေပါတယ်။

မုန်တိုင်းဝင်ရောက်ချိန်မှာ လူ ၂ ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက သတင်းထုတ်ပြန်ထားပါတယ်။ တစ်ဦးက သစ်ပင်လဲကျလို့ သေဆုံးသွားတာဖြစ်ပြီး နောက်တစ်ဦးကတော့ မုန်တိုင်းကာကွယ် အဆောက်အဦဆီ သွားရာလမ်းမှာ သေဆုံးခဲ့တာလို့ သိရှိရပါတယ်။ သစ်ပင်တွေ အမြစ်ကျွတ်ထွက်တာ၊ အိမ်တွေ ပျက်စီးတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မဟာစင်မုန်တိုင်း နီးကပ်လာချိန်မှာ မုန်တိုင်းသတိပေးချက်ကို အဆင့် ၇ မှ ၁၀ ထိ တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။ မဟာစင်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လမ်းကြောင်းပြောင်းသွားချိန်မှာ မုန်တိုင်းကြောင့် သီရိလင်္ကာမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၉၉၁ ယောက် ဘေးလွတ်ရာ ရှောင်ပြေးခဲ့ရပါတယ်။

by ဒီဗွီဘီ 


Facebook အကောင့် Lock မကျအောင် ဒီလိုကာကွယ်ထားပါ

Facebook အကောင့် Lock မကျအောင် ဒီလိုကာကွယ်ထားပါ

Facebook ဟာ ဒီရက်ပိုင်းအတွင်း
 ပြဿနာ တော်တော်ရှာလာတယ်လို့
ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ
ခိုးတယ် .. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ
ကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့
မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့


Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုး
တခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုး
facebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း
သွားလည်မိတာမျိုး .. ( ဥပမာ .. http://htetmyintoo.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်
လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်
တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်

ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ


အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်

အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီး
ကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကို
နှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..
( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..
ကဲ . အဆင်ပြေကြပါစေဗျာ


Code ထည့်စရာမလိုတဲ့ Viber

Code ထည့်စရာမလိုတဲ့ Viber

 

Facebook က ညီမတစ်ယောက်တောင်းထားလို့ တင်ပေးလိုက်တာပါ

Phone နံပါတ်ပဲ ထည့်ပေးရပြီး Code စောင့်နေစရာမလို ကုဒ်ပြန်ပို့ပေးစရာလည်းမလိုတဲ့ Viber Application လေးပါ

Android ဖုန်းတွေအတွက်ပါ
ဒေါင်းလို့ရလာတဲ့ apk ဖိုင်ကို Android ဖုန်းထဲမှာ
Install လုပ်ပြီး Run လိုက်ရုံပါပဲ ..


ဖုန်းနံပါတ်ပဲ ထည့်ပေးလိုက်တာနဲ့ ကုဒ်က အလိုလို ဖြည့်ပေးသွားမှာပါ

လိုချင်တဲ့သူငယ်ချင်းများ******   ဒီမှာ ****** ဒေါင်းယူလိုက်ပါ



ဖုန်းထဲကနေ google earth နဲ့ တစ်ကမ္ဘာလုံးကိုကြည့်မယ်(for android)

တစ်ကမ္ဘာလုံးက နေရာအနှံ.ကို ဖုန်းscreen ထဲက နေကြည့်မယ်(for android)

google earthဆိုတာ တစ်ကမ္ဘာလုံးက နေရာတွေ အားလုံးကို အပေါ်စီးကနေဖုန်းscreenထဲမှာ ကြည့်လို.ရတဲ့ app လေးပါ။သုံးဖူးသူတွေလဲ သိကြပါတယ်။မသုံးဖူးတဲ့ သူတွေလဲ စမ်းသုံးကြည့်ပါ အရမ်းလန်းပါတယ်။ လိုအပ်တဲ့နေရာတွေကို search boxမှာ ရိုက်ရှာလို.ရပါတယ်။ လိုအပ်တာကတော့ internet connectionတစ်ခုပါပဲ။
လိုချင်ရင်တော့အောက်မှာဒေါင်းပါ။

https://www.dropbox.com/s/m2kjxhfsr99caea/com.google.earth_1.0.apk


Wednesday, May 15, 2013

မြန်မာ ebook များ စုစည်းမှု

မြန်မာ ebook များ စုစည်းမှု


စာအုပ်အမည် = Window 8 ကိုလေ့လာခြင်း
ရေးသားသူ =  သရ

 ဒါကတော့ window 8 အသုံးပြုနည်း စာအုပ်ဖြစ်ပါတယ်။ window 8 သုံးနေသူများ လေ့လာလို့ရအောင် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်။

Direct MirrorDropbox | Download Ebook | Solidfiles
---------------------------------------------------------------------

စာအုပ်အမည် = Complete Network Guide
ရေးသားသူ =  ဦးဇော်လင်း Youth

Network အကြောင်းနှင့် ပါတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ် ပါတယ် ။ Direct link ကနေ တင်ပေးထားပါတယ်။

Download Ebook | Dropbox | Direct mirror | Solidfiles
----------------------------------------------------------------------------

စာအုပ်အမည် = A Basic English Grammar Part-1
ရေးသားသူ = ဆရာဦးသိန်းလွင်

အင်္ဂလိပ်သဒ္ဒါ လေ့လာချင်သူများအတွက် ဆရာဦးသိန်းလွင်ရဲ့ အခြေခံ အင်္ဂလိပ်သဒ္ဒါ စာအုပ် နှစ်အုပ်ကို တင်ပေးလိုက်ပါတယ်။

Download Ebook | Dropbox | Directmirror | Solidfiles
----------------------------------------------------------------------------

စာအုပ်အမည် = A Basic English Grammar Part-2
ရေးသားသူ = ဆရာဦးသိန်းလွင်

အင်္ဂလိပ်သဒ္ဒါ လေ့လာချင်သူများအတွက် ဆရာဦးသိန်းလွင်ရဲ့ အခြေခံ အင်္ဂလိပ်သဒ္ဒါ စာအုပ် နှစ်အုပ်ကို တင်ပေးလိုက်ပါတယ်။

Download Ebook | Dropbox | Direct mirror | Solidfiles
-------------------------------------------------------------------------------

စာအုပ်အမည် = Digital ပစ္စည်းလုပ်ဆောင်မှု့နှင့်ပြဿနာဖြေရှင်းခြင်း
ရေးသားသူ = သန်းထိုက် (ရွှေရိပ်)

MP3, MP4, ipot, phone စသည် Digital ပစ္စည်းများအား ကိုင်တွယ် အသုံးပြုနည်း နှင့် ပြဿနာများအား ဖြေရှင်းနည်းများကို ရေးသားထားသည့် စာအုပ် တစ်အုပ် ဖြစ်ပါတယ်။

Download Ebook | Dropbox | Direct mirror | Solidfiles
---------------------------------------------------------------------------------

စာအုပ်အမည် = Adobe Illustrator အဓိကသော့ချက်များ
ရေးသားသူ = မင်းသန့်အောင်

ရုပ်ပုံများ ဖန်တီးရေးဆွဲ ရန်အတွက်ဆိုရင် adobe Illustrator ကို တော်တော်များများ အသုံးပြုကြပါတယ်။ အတော်လေး ကောင်းသလို ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖန်တီးရန်အတွက် တော်တော်များများက Illustrator ကိုသုံးကြပါတယ်။ Icon လေးတွေ ဖန်တီးတာကအစပေါ့။ ထားလိုက်ပါ ဒါကတော့ Adobe Illustrator အသုံးပြုနည်းအကြောင်းကို အသေးစိတ်ကျကျ ရေးသားပေးထားတဲ့ စာအုပ်ကလေးပါ။

Download Direct Mirror  | Dropbox | One2up | Solidfiles
---------------------------------------------------------------------------------
စာအုပ်အမည် = Android application ရေးသားဖန်တီးခြင်း ဆိုင်ရာ အခြေခံသဘောတရားများ
ရေးသားသူ = ၀င်းဟိန်း

Android အကြောင်းနှင့် သုံးနည်းတွေကို သိထားသင့်တယ်လို့ ထင်ပါတယ်။ android application များ ရေးသားနည်းကိုလည်း လေ့လာနိုင်ပါတယ် ။ ကဲ Android phone အကြောင်းနှင့် Android အကြောင်း သိချင် သူများအတွက် တင်ပေးလိုက်ပါတယ်။ လေ့လာစေလိုပါတယ်။

Download Direct mirror | Dropbox | One2up | Solidfiles
-----------------------------------------------------------------------------------------
စာအုပ်အမည် = အခြေခံဒီဇိုင်းနှင့် Graphic အနုပညာ
ရေးသားသူ = ဆန်နီညိမ်း

ဂရပ်ဖစ်ဖြင့် အနုပညာမြောက်အောင် ဒီဇိုင်းဆွဲပြီး ပုံဖော်ရသော အလုပ်ကို ၀ါသနာပါသော မည်သူမဆို လေ့လာသင့်ပါသည်။ ယခုစာအုပ်ကို ဖတ်ခြင်းဖြင့် အလင်းအမှောင်၏ သဘောတရား ၊ အနုပညာရသမြောက်သည့် ဂရပ်ဖစ်ပုံရိပ်များအား ဖန်တီးတတ်စေလာနိုင်ရန်အတွက် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဟု ယုံကြည်ပါသည်။

Download Directmirror | Dropbox | one2up  | Solidfiles
-------------------------------------------------------------------------------------------
စာအုပ်အမည် = Autodesk 3DS Max
ရေးသားသူ = Robert Tin Aye

ကဲ 3D သမားများအတွက် Autodesk 3D Max အသုံးပြုနည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်။ 2D 3D စိတ်ဝင်စားသူများ ဖတ်ရှု့လေ့လာ နိုင်ပါတယ်။  လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ Download လုပ်တဲ့အခါ link တစ်ခုက မရရင် တစ်ခြားတစ်ခုကနေ Download လုပ်ပါ။ အားလုံးကို Download လုပ်ရမှာ မဟုတ်ပါဘူး။ အဲ့ထဲကနေ ကို Download လုပ်ရတာ အဆင်အပြေဆုံး တစ်ခုကို ရွေးပြီး Download လုပ်ပါ။

Download Directmirror | Dropbox | One2up
 | Solidfiles
-------------------------------------------------------------------------------------------
စာအုပ်အမည် = Web Designer's Guide to Adobe Photoshop
ရေးသားသူ  = Chris Tull

Website design လှတယ် မလှဘူး။ သေသပ်တယ် မသေသပ်ဘူး။ အများအမြင်မှာ မျက်စိပသာဒ ရှိတယ် မရှိဘူးဆိုတာဟာ Web Designer သမားရဲ့ Photoshop ကျွမ်းကျင်မှု့အပေါ်မှာ အများကြီး မူတည်ပါတယ်။ ၀ဘ်ဆိုက်တစ်ခု လုပ်ရာတွင် ကိုယ့်စိတ်ကြိုက်ထက် လုပ်ခိုင်းတဲ့သူ စိတ်ကြိုက် ဒီဇိုင်းကို ဆွဲပေးရတာက များတတ်ပါတယ်။ ဆွဲခိုင်းတဲ့ ဒီဇိုင်းပေါ်မှာ မူတည်ပြီး ကိုက စဉ်းစားပြီး ဒီဇိုင်းဆွဲပေးရမှာ ဖြစ်ပါတယ်။ ကဲလိုချင်ရင် Download ပေါ့ဗျာ။
 | Solidfiles
-------------------------------------------------------------------------
စာအုပ်အမည် = Virtual DJ Pro 7
ရေးသားသူ  = ၀င်းဟိန်း

DJ သမားများအတွက် ကိုဝင်းဟိန်းရေးထားတဲ့ virtual dj pro 7 ပါ။ software ကိုတော့ ကျနော် အရင်က တင်ပေးထားပြီးပြီ ထင်ပါတယ်။ တကယ်လို့ မတင်ထားရသေးဘူး ဆိုရင်လည်း မနက်ဖြန်ကျရင် တင်ပေးပါ့မယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။ အဆင်ပြေတဲ့ link ကနေသာ Download လုပ်ကြဗျာ။
 | Solidfiles
------------------------------------------------------------------------
စာအုပ်အမည် =Android ပေါ်မှ လက်တွေ့သုံး နည်းပညာ
ရေးသားသူ  = သန်းထိုက်(ရွှေရိပ်)

ကဲ ခုခေတ်ကတော့ android ခေတ်လို့ ပြောလို့ရပါတယ်။ ကလေးကအစ Android ဆိုတဲ့ နာမည်ကို သိနေကြတာ။ ဘာမှန်းလဲသာ မသိတာ။ အဲ့တော့ အားလုံးလဲ Android အကြောင်းနှင့် သုံးနည်းတွေကို သိထားသင့်တယ်လို့ ထင်ပါတယ်။ ကဲ Android phone အကြောင်းနှင့် Android အကြောင်း သိချင် သူများ အောက်မှာ Download လုပ်လိုက်ပါ။
----------------------------------------------------------------
စာအုပ်အမည် = Mobile ကွန်ယက်နည်းပညာ
ရေးသားသူ  = သန်းထိုက်(ရွှေရိပ်)

ဖုန်းကိုင်တဲ့သူတွေအားလုံး ကိုကိုင်တဲ့ ဖုန်းတွေအကြောင်းကိုတော့ သိထားသင့် တာပေါ့။ မဟုတ်ဘူးလား ပြီးတော့ အဲ့ဒီ့ဟန်းဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း သိထားသင့်တာပေါ့။ ကဲ ဖုန်းနဲ့ပတ်သက်တာတွေကို သိချင်တဲ့သူများ ဒီစာအုပ်လေးကို အောက်မှာ ကြိုက်တဲ့ link ကနေ Download လုပ်လိုက်ကြပါ။

Download Directmirror | Dropbox | One2up
 | Solidfiles
-----------------------------------------------------------------
စာအုပ်အမည် = Facebook safety Guide
ရေးသားသူ  = မင်းသန့်အောင်

ဒီစာအုပ်ကတော့ Facebook အကြောင်းချည်းပဲ သီးသန့် ရေးထား တာ ဖြစ်ပါတယ်။ အားလုံးပဲ စိတ်ဝင်စားကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ကို တောင်းထားတဲ့သူတွေလည်း အရမ်းများပါတယ်။ ကိုကီးကီး တင်ထားပေးတဲ့ စာအုပ်ကို share ပေးလိုက်ပါတယ်။ လိုချင်တဲ့ သူများ အောက်က အဆင်ပြေတဲ့ link ကနေသာ Download လုပ်ကြပါ။

Download Directmirror | Dropbox | One2up | Solidfiles
--------------------------------------------------------------------
စာအုပ်အမည် = Using Facebook
ရေးသားသူ  = Zaw Lin Youth

ဒါကတော့ ဦးဇော်လင်း ရေးသားထားတဲ့ စာအုပ်ပါ။ အထဲမှာ Email & internet အသုံးပြုနည်းအကြောင်း၊ FTP နှင့် hosting server များအကြောင်း၊ အင်တာနက် Tools များအကြောင်းနှင့် Facebook အသုံးပြုနည်းအကြောင်း များပါဝင်ပါတယ်။ လူတိုင်းတော့ facebook သုံးကြလိမ့်မယ်လို့ ထင်ပါတယ်။

Download Directmirror | Dropbox | One2up | Solidfiles
----------------------------------------------------------------------
စာအုပ်အမည် =Skype အသုံးပြုနည်း
ရေးသားသူ  = စုကြည်ထွေး

စုကြည်ထွေး ရေးထားတဲ့ Skype အသုံးပြုနည်း လမ်းညွှန်စာအုပ်ပါ။ Skype သမားများအတွက် တင်ပေးလိုက် ပါတယ်။ အရင်တခါကလည်း ဘယ်သူလည်း မသိဘူး တောင်းထားပါတယ်။ လိုချင်သည့်သူများ အောက်မှာ Download လုပ်လိုက်ပါ။ File တွေက ခဏခဏ link သေလို့ ၄ နေရာကနေ တင်ပေးလိုက် ပါတယ်။ အဆင်ပြေတဲ့ link ကနေသာ Download ဆွဲပါ။

Download Directmirror | Dropbox | One2up | Solidfiles
------------------------------------------------------------------------
စာအုပ်အမည် = လွယ်ကူလေ့လာ PC ကွန်ပျူတာ Management
ရေးသားသူ  = မျိုးသူရ

ဒီစာအုပ်ကလေးကတော့ ကိုမျိုးသူရ ရေးတဲ့ PC ကွန်ပျူတာ Management ဆိုတဲ့ စာအုပ်ကလေးပါ။ ဒီစာအုပ်ထဲမှာ ကွန်ပျူတာ တစ်လုံးကို ဘယ်လိုမျိုး ပြုပြင် ထိန်းသိမ်းရမယ်ဆိုတာကို ရေးသားဖော်ပြထားပြီး software တော်တော်များများကို ဘယ် software ကို ဘယ်လို အသုံးပြု ရမည် ဆိုတာကို software တော်တော်များများကို ဥပမာထားကာ သေချာ ရှင်းပြထားပါတယ်။ အဲ့ဒီ့ software တော်တော်များများသည် ကွန်ပျူတာတစ်လုံး အတွက် မသိမဖြစ် သိထားသင့်သည့် software များဖြစ်ပါတယ်။ လိုချင်သည့် သူများ အောက်မှာ Download လုပ်လိုက်ပါ။

Download Directmirror | Dropbox | One2up | Solidfiles
---------------------------------------------------------------
စာအုပ်အမည် =Photoshop CS4
ရေးသားသူ  = မျိုးဆက်

Photoshop အသုံးပြုနည်းများကို အသေးစိတ်ကျကျ ရှင်းပြထားပါတယ်။ Tools တွေရော အရောင်ရွေးချယ်ပုံ ရွေးချယ်နည်းတွေကိုပါ ထည့်သွင်း ရေးထားပေးပါတယ်။ Photoshop သုံးတတ်ချင်သူတိုင်း ဒီစာအုပ်လေးကို လေ့လာထားသင့်ပါတယ်။

Download Directmirror | Dropbox | One2up | Solidfiles




                                 ကိုညီနေမင်းဆိုဒ်မှ  ကူးယူမျှဝေပေးလိုက်ပါတယ်..
 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger